Wednesday, July 3, 2013

SSA(S) တပ်ရင်း ၇၀၁ ဆက်ကြေးတောင်းခံမှု ရဲတင်းလာ


4 July 2013


ှSSA(S)တပ်ရင်း(၇၀၁)သည်ဇူလိုင်လ(၂)ရက်နေ့ကမူဆယ် မြ၀တီဘဏ်သို့ဆက်ကြေးငွေသိန်း(၁၀၀)   တောင်းခံထားပြီးဇူလိုင်လ(၃)ရက်နေ့(၁၁)နာရီတွင်မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးတောင်ရပ်ကွက်ရှိ
ရိုးမဘဏ်သို့ဆိုင်ကယ်စီးနင်းလာသူတစ်ဦးမှ ဆက်ကြေးတောင်းစာတစ်စောင်ပေးပြီးထွက်ခွာသွားကြောင်း သိရသည်။ ဆက်ကြေးတောင်းစာတွင် ရိုးမဘဏ်မှ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ SSA(s) တပ်ရင်း (၇၀၁)ထံသို့ အခွန်ငွေအဖြစ် ငွေကျပ်သိန်း(၁၀၀)အား ဇူလိုင်လ(၁၄)ရက်နေ့နောက်ဆုံးထား၍ ဖုန်းနံပါတ်(18788213392)သို့ဆက်သွယ်ပေးဆောင်ရန်ပါရှိပြီးSSA(s)စစ်ဒေသ(၇၀၁)မှဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ စွမ်မိဏ်းမှ တောင်းခံခြင်းဖြစ်ကြောင်း သိရပါသည်။ RCSS/SSA မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ရွက်ဆစ်သည် ပြည်သူလူထုနှင့်တွေ့ဆုံပြီးနောက်ပိုင်း၎င်းတို့အဖွဲ့၏ဆက်ကြေးကောက်ခံမှုသည် ဒေသခံများ စိုးရိမ်နေသကဲ့သို့ ပိုမိုရဲတင်းလာကြောင်း RCSS/SSA အဖွဲ့၏ လုပ်ဆောင်ချက်များအား ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

No comments:

Post a Comment