SSA (၀မ်ဟိုင်း)အဖွဲ့၏ လူသားခြင်း စာနာထောက်ထားမှု ကင်းမဲ့သော လုပ်ရပ်များကြောင့် မိုင်းလုံမြို့နယ် နမ့်ဖန်းကျေးရွာတွင် အိမ်ခြေ(၁၅၅)ရှိရာမှ ယခုအခါ အိမ်ခြေ (၇၀)သာ ကျန်ရှိတော့ကြောင့် သိရပါသည်။
SSPP/SSA၀မ်ဟိုင်းအဖွဲ့သည်အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းများကြောင့် ၀မ်ဟိုင်းအဖွဲ့၏ အရိပ်မဲဘေးမှ လွတ်ကင်းရာမြို့ပေါ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းနှင့်
၎င်းတို့တပ်ဖွဲ့တွင်တပ်သားသစ်အဖြစ်တာဝန်မထမ်းဆောင်လိုသူများအားတစ်ဦးလျင်သိန်း(၃၀)မှသိန်း(၄၀)ထိ
တောင်းကြောင်းသိရပါသည်။
တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သောSSPP/SSAသည်ငြိမ်းချမ်းရေးဘဘောတူညီချက်များကို ဗြောင်ကျကျချိုးဖောက်နေပြီးအပစ်အခတ်ရပ်ဆဲထားသည်ကိုအခွင့်ကောင်းယူ၍ဆက်ကြေးတောင်းခံခြင်းနှင့် လူသစ် စုဆောင်းခြင်းများပိုမိုလုပ်ဆောင်လာကြောင်း၎င်းတို့လုပ်ရပ်များကိုကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
No comments:
Post a Comment