ရှမ်းပြည်နယ်၊မိုင်းယောင်းမြို့နယ်အတွင်းရှိကျေးရွာ အုပ်စုများတွင်ဇူလိုင်၎ရက်နေ့မှစ၍ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ရှမ်းပြည်တပ်မတော်RCSS/SSAအဖွဲ့က ရော်ဘာနှင့်ဆန်ဆက်ကြေးများ ကောက်ခံ
လျက်ရှိကြောင်း ဒေသခံ များထံမှ သိရသည်။
အဆိုပါဆက်ကြေးများကိုရွာကြီးတစ်ရွာလျှင်ဆက်ကြေးကျပ် (၁၅)သိန်း၊ရွာသေးတစ်ရွာလျှင် ဆက်ကြေးကျပ်(၉)သိန်းခွဲ တမ်းချကာကောက်ခံနေကြောင်း၊မိုင်းယောင်း မြို့နယ်ဝမ်တပ်အုပ်စုအား ကောက်ခံပြီးဖြစ်၍ကျန်ရှိနေသော ကျေးရွာအုပ်စုများ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုRCSS/SSAအဖွဲ့က၀မ်မန်းအုပ်စုတွင်ခေါ်ယူတွေ့ဆုံပြီးဇူလိုင်၁၀ရက်နေ့ နောက်ဆုံးထားပေးသွင်းရန်မှာ ကြား ခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
RCSS/SSAအဖွဲ့သို့ ဆက်ကြေးပေးရန် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှာ မိုင်းယောင်းမြို့နယ်အတွင်းရှိ ၀န့်ကျိုင်း၊၀ိမ်ကောလုံး၊၀မ်တုံ၊ နောင်ဘိုး၊နမ့်တောင်း၊၀မ်တုံ့၊၀မ်ရှဲန်ရွာများဖြစ်ကြောင်းအဆိုပါဆက်ကြေး ကောက်ခံမှုများနှင့် ပတ်သက်၍ မည်သို့မျှ မေးမြန်းဝေဖန်ခြင်းမပြုရန် RCSS/SSA အဖွဲ့က ဒေသခံရွာသူ/ ရွာသားများအားပြောဆိုထားကြောင်း၊ဒေသခံများမှာRCSS/SSAဥက္ကဋ္ဌစစ်ယွက်ဆစ်အားဆက်ကြေးကောက်၊ လူသစ်စုဆောင်းမှုများနှင့်ပတ်သက်၍ခရီးစဉ်၌ မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေရှင်းပေးခဲ့ခြင်းမရှိ၍၎င်းတို့ ရှမ်းပြည်နယ်၏ ပြန်လည်ထူထောင် ရေးကို ဆောင်ရွက်ပေးမည် ဟူသော မက်လုံးစကားကို အယုံအကြည် မရှိကြတော့ကြောင်း ဒေသခံများက ပြောဆိုနေကြ ပါသည်။
စိုင်းအောင်
No comments:
Post a Comment