မိခင်ဖြစ်သူမှသားသမီး(၂)ဦးအားတရုတ်နိုင်ငံသို့ ရောင်းစားသည်ဟူသောသတင်းအရသီပေါမြို့နယ်နမ့်လန် ကျေးရွာအုပ်စုအေးချမ်းသာရပ်ကွက်နေမတင်နွယ်စိုး(ခ)မစိုးအားနမ့်လန်နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေး မေးမြန်းရာမတင်နွယ်စိုးသည်ဇူလိုင်လ ၂၃ရက်နေ့တွင်စားဝတ်နေရေးမပြေလည်သဖြင့်၎င်း၏သမီးဖြစ်သူ
မရွှေစင်ဦး(၉)နှစ်နှင့်သားဖြစ်သူ မောင်မျိုးဆက်အောင်(၆)နှစ်(၂)ဦးအားသီပေါမြို့၊နမ့်လန်ကျေးရွာအုပ်စု၊စက်ရုံ ရပ်ကွက်နေမအေးကြည်(ခ)နန်းငွေကြည်နှင့်ဆက်သွယ်၍မူဆယ်မြို့မှတဆင့်တရုတ်နိုင်ငံကောင်းဆောင်ရွာရှိ တရုတ်အဘိုးကြီးတစ်ဦးထံ မြန်မာငွေကျပ်(၄)သိန်းဖြင့် ရောင်းစားခဲ့ကြောင်း သိရပါသည်။

မိခင်ဖြစ်သူမတင်နွယ်စိုးနှင့် ရောင်းစားရန်ဆက်သွယ်ပေးသည့်မအေးကြည်တို့အားနမ့်လန်ရဲစခန်းတွင်လူကုန် ကူးမှုတားဆီး ကာကွယ်ရေးပုဒ်မ ဖြင့် အမှုဖြင့် အရေးယူထားကြောင်း သိရပါသည်။
No comments:
Post a Comment