ယခင်က မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားရောက် လျှောက်ထားရသည့် မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို မိမိ၏မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့်SMSစနစ်ဖြင့်သြဂုတ်လ၁ရက်နေ့မှစတင်၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
တစ်ရက်နှင့်အထက် ကြာမြင့်သည့်အထိ အင်တာနက်စနစ် အသုံးပြုနိုင်ရန် ယခင်က စောင့်ဆိုင်းခဲ့ရသော်လည်း ယခုအခါ၌ SMS စနစ်ဖြင့် လျှောက်ထားပါက "You have ordered data service successfully" ဟု SMS ပြန်စာ ရောက်ရှိလာသည့်နောက်ပိုင်း ချက်ချင်းအသုံးပြုနိုင် သည်ဟုသိရသည်။အထက်ပါSMSစနစ်အတိုင်းမိမိမိုဘိုင်းဖုန်းသို့ ပြန်လည်ရောက်ရှိလာ ပါက မိုဘိုင်းဖုန်းကို Restart ပြုလုပ်ပေးရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောသည်။
SMS ဖြင့်မိုဘိုင်းအင်တာနက်စနစ်ကို လျှောက်ထားလိုပါက1331သို့"OrderdataService"ဟူ၍ ပေးပို့ရမည် ဟုသိရသည်။SMS ပေးပို့သည့် မိုဘိုင်းဖုန်းအတွင်း၌ လက်ကျန်ငွေသည် ငွေကျပ် တစ်သောင်းပြည့်ရန် လိုအပ်ကြောင်း၊မိုဘိုင်းအင်တာနက်စနစ်အတွက်ကျသင့်ငွေတစ်သောင်းကျပ်ကိုအဆိုပါလက်ကျန်ငွေအတွင်း မှ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုသည်။
GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများအနေဖြင့် အဆိုပါကဲ့သို့ အင်တာနက်စနစ်ကို လျှောက်ထားနိုင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဘီလ်စနစ်ကို မိုဘိုင်းဖုန်းငွေလက်ကျန်အတွင်းမှ တစ်မိနစ်လျှင် ၂ ကျပ် (GSM) ၊ ၄ကျပ်(WCDMA)ဟူ၍ယခင်အတိုင်းမပြောင်းလဲဘဲ ကောက်ခံသွားမည်ဖြစ်သည်။CDMAမိုဘိုင်းဖုန်းလိုင်းများ အတွက်အင်တာစနစ်လျှောက်ထားခြင်းကိုမူယခင်အတိုင်းဆက်သွယ်ရေးရုံးများသို့သွားရောက်လျှောက်ထား ရမည် ဖြစ်သည်။
Internet Journal (Fb)
No comments:
Post a Comment