စာရေးသူထံ ကုသမှု ခံယူသူ အသက် ၃ဝ ကျော်မျှသာ ရှိသေးသည့် အိအိဖိုင့်ဖိုင့် အမျိုးသမီး တစ်ဦးသည် ရင်သားအကြိတ်အသားစဓာတ်ခွဲစစ်ဆေးမှုMammognam နို့ဓာတ်မှန်အဖြေများအရကင်ဆာရှိသော နို့အုံ တစ်ခုလုံးခွဲစိတ်ထုတ်ပစ်ရမည့်အပြင်ချိုင်းရှိအကြိတ်များ၊မျိုးပွားဥအိတ်အစုံတို့အားထုတ်ပစ်ရမည့် ကုထုံးကို
သိရှိသည့်နေ့မှစပြီးယနေ့ကုသမှုအလုံးစုံပြီးဆုံးသည်အထိစိုးရိမ်သောကများကြောင့်ဆိုးဆိုးရွားရွား သွေးတိုး ရောဂါ ခံစားလျက် ရှိသည်။
အလားတူ အသက် ၅ဝ ကျော်ခန့် အဝလွန်သူ အမျိုးသား တစ်ဦး အူမကြီးကင်ဆာ အတွက် ဗိုက်ခွဲ ကုသမှု၊ ဝမ်းဗိုက်တွင် အပေါက်ဖောက်ပြီး စအိုအတု ပြုလုပ်ကာ ပလတ်စတစ် မစင်အိတ် ခါးတွင် ချိတ်ဆွဲ ထားရှိမှု စသည့် အနိဋ္ဌာရုံ များကြောင့် စိတ်ဆင်းရဲခြင်း ကြီးစွာဖြင့် သွေးတိုးရောဂါကို ဆက်လက် ခံစားနေရကြောင်း တွေ့မြင်ခဲ့ရသည်။ အဝလွန် သူများတွင် သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ အပြင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုကြောင်း အမေရိကန် နိုင်ငံ ကင်ဆာအဖွဲ့၏ သုတေ သန ပြုလုပ်မှုများ အရ ရှိသင့်ရှိထိုက်သည့် ကိုယ်အလေးချိန်ထက် ၄ဝ ရာခိုင်နှုန်း များနေသူ အမျိုးသား များတွင် အူမကြီး ကင်ဆာ၊ စအိုကင်ဆာ၊ ဆီးကြိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ ၁ ဒသမ ၃၃ ဆ ပိုမို ဖြစ်ပွားနိုင်သလို အမျိုးသမီး များတွင်လည်း သားအိမ်ဝ ကင်ဆာ၊ သားအိမ် လည်တံကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးဥအိမ် ကင်ဆာ၊ သားအိမ် ကိုယ်ထည် ကင်ဆာ၊ သည်းခြေကင်ဆာ၊ သည်းခြေပြွန် ကင်ဆာ ဖြစ်ပွားနှုန်းသည် သာမန်ထက် ကိုယ်အလေးချိန် ၄ဝ ရာခိုင်နှုန်း များနေသူ အမျိုးသမီး များတွင် ၁ ဒသမ ၅၅ ဆပိုမိုကြောင်း သိရှိရသည်။ ကင်ဆာရောဂါ ဖြစ်ပွားနေသူ များတွင် နောက်ဆက်တွဲ သွေးတိုးရောဂါသည် စိတ်ခံစားမှု အရ ဖြစ်ကြောင်းလည်း သိရသည်။
အော်တစ်ဇင်(မ်)နှင့်သွေးတိုးရောဂါ အဝလွန်သူ မိခင်များ၌ ကိုယ်ရည်ကိုယ်သွေး၊ ဥာဏ်ရည် ဥာဏ်သွေး မပြည့်မီဘဲလူမှုရေးနှင့်ဆန့်ကျင်သောအပြုအမူများ ပြုလုပ်တတ်သူ အော်တစ်ဇင်(မ်)ရင်သွေးငယ်များ မွေးဖွား လာမှုကြောင့် စိတ်မချမ်းမြေ့၍ သွေးတိုးရောဂါ ဖြစ်ပွားလာကြောင်း၊ ရှိရင်းစွဲ သွေးတိုးရောဂါ ပိုမိုဆိုးရွား လာတတ်ကြောင်း လေ့လာသိရှိ ရသည်။
သွေးချို၊ ဆီးချို၊ အဝလွန်၊ သွေးတိုး ရောဂါရှိသူ မိခင်လောင်းများတွင် အော်တစ်ဇင်(မ်) ရင်သွေးငယ် မွေးဖွားနှုန်း ၆၇ ရာခိုင်နှုန်း ပိုမိုကြောင်း သိရသည်။
မျှတအောင် စားသောက်ပါ
သက်ရှိအားလုံး စားသုံးကြသည့် အစာ အာဟာရ အုပ်စုများ ဖြစ်သော ခန္ဓာ ကိုယ် ကြီးထွားစေသော အစားအစာများ၊ အင်အားကို ဖြစ်ထွန်းစေသော အစား အစာများ၊ ရောဂါဘယမှ ကာကွယ်ပေးသော အစားအစာများ၊ ရေဓာတ်စသည် များကို မျှမျှတတ စားသောက်ခြင်းသည် သွေးတိုး အပါအဝင် ရောဂါ ဝေဒနာများကို ကာကွယ် ပေးနိုင်သည့် ကျန်းမာရေး၏ သော့ချက်ပင် ဖြစ်သည်။ ခန္ဓာကိုယ် ကြီးထွားစေသော အစားအစာ များတွင် ပရိုတင်းခေါ် အသားဓာတ် ပါဝင်သော ပဲအမျိုးမျိုး၊ အသား၊ ငါး၊ နို့၊ ဥ စသည်များ၊ အင်အားကို ဖြစ်ထွန်းစေသော ကာဗိုဟိုက်ဒရိတ်၊ ကစီဓာတ် ပါဝင်သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ အဆီ၊ အချိုစသည်များ၊ ရောဂါဘယမှ ကာကွယ်ပေးသော အစားအစာ အုပ်စုတွင် ဗီတာမင် သက်စောင့်ဓာတ်များ၊ သတ္တုဓာတ်များ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အခွံမာသီး စသည် များ ပါဝင်ပေရာရေအပါအဝင်အစာအုပ်စုအားလုံးမှအစားအစာအချို့ကိုမျှတအောင်သင့်လျော်စွာ စားသုံးခြင်းကို ဆိုလိုပေသည်။ ထမင်းတစ်မျိုးတည်းကို သာလွန်ကဲစွာမစားဘဲ အသား၊ ငါး၊ ပဲ၊ ဟင်းသီးဟင်းရွက် ရောင်စုံ၊ အရည်ရွှမ်းရွှမ်း ဟင်းရည်၊ အချို၊ အငန်စသည်များ အချိုးအစား မျှတစွာ ပါဝင်အောင် စားသောက်ရမည်။
myawaddy
No comments:
Post a Comment