ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံထားခဲ့သည့် ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က စတင် ရှာဖွေခဲ့ရာတွေ့ရှိပြီဟုရှာဖွေရေးအဖွဲ့ထဲတွင်ပါဝင်သည့်ဘူမိဗေဒပညာရှင်ပါမောက္ခ ဟောင်းဦးစိုးသိန်းက ပြော သည်။''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု၎င်းကဆိုသည်။
ကော်မတီ
ထဲတွင်ပါဝင်သောအဖွဲ့ဝင်အမည်များကို၎င်းက ထုတ်ဖော်ပြောကြားခြင်းမပြုသော်လည်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်အတွင်း၌ ရှာဖွေနေသည်ဟု ၄င်းကဆက်ပြောသည်။
''ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်''ဟု ပြော သည်။
ဂျပန်တို့အနေဖြင့်ဒုတိယကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံမှတိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်းဖြစ်သည် ဟုပညာရှင်များ၏ပြောကြားချက်အရသိရသည်။အစိုးရသစ်ကာလအတွင်းဒုတိယကမ္ဘာစစ်အတွင်းက မြှုပ်နှံ ထားခဲ့သောကမ္ဘာစစ်လက်ကျန်ပစ္စည်းများကိုရှာဖွေနေမှုမှာဗြိတိသျှစဖစ်ဖိုင်းယားပြီးလျှင်ယခုဂျပန်ရွှေသုံးတန်မှာ ဒုတိယ မြောက်ဖြစ်ကြောင်းသိရသည်။
စဖစ်ဖိုင်းယားရှာဖွေမှုကို တွေ့ရှိနေပြီ ဖြစ် ကြောင်း၊ စတင် တူးဖော်တော့မည်ဖြစ်ကြောင်း မီဒီယာများထံသို့ ပာကြားခဲ့ကြသော်လည်းယခုအချိန်အထိရှာဖွေနေဆဲဟုသာ ပြန်လည် ဖြေကြားနေကြသည်။ယခုတစ်ခေါက် ဂျပန်ခေတ်ကမြှုပ်နှံခဲ့သော ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်ရှာဖွေ နေသည်ဟုသာပြောကြားပြီးအကျိုးအမြတ်ခွဲဝေမှုကိုမူ မပြောကြားသေးပေ။
မင်းသုအောင်
No comments:
Post a Comment