Thursday, July 4, 2013

လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် အသက်(၁၇)အရွယ် (၁၀)တန်းကျောင်းသူတစ်ဦးအသတ်ခံရ


4 July 2013



ယနေ့နံနက်၉နာရီအချိန်တွင်လားရှိုးမြို့နန်းဟေ၀န်ပန်းခြံအတွင်း၌၁၇နှစ်အရွယ်မိန်းကလေးတစ်ဦးဓားဒဏ် ရာဖြင့် သေဆုံးနေကြောင်းသိရသည်။၎င်းမိန်းကလေးသည်စည်ပင်ပန်းခြံအတွင်းရှိအုတ်ခုံဘေးတွင် ရင်အုပ်
တစ်နေရာကိုဓါးဖြင့်အထိုးခံထားရကြောင်းရဲများကယင်းအလောင်းသယ်ထုတ်စဉ် တွေ့မြင်ခဲ့ရသော ဒေသခံ တစ်ဦးကပြောကြားသည်။

ယင်းအလောင်းအားရဲများကလားရှိုးပြည်သူ့ဆေးရုံရှိရင်ခွဲရုံသို့ ခွဲစိတ်စစ်ဆေးရန်ပို့ဆောင်ထားကြောင်း သိရ သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ရပ်ကွက်(၁)၊မြို့မရဲစခန်းမှတာဝန်မှူးဒုရဲအုပ်ကြည်စိုးနိုင်အား မေးမြန်းရာ   သေဆုံးသူမိန်းကလေးသည်အသက်(၁၇)နှစ်အရွယ်ဖြစ်ကြောင်း၊အသေးစိတ်သတင်းအချက်အလက်များကို အထက်အမိန့်မရသေး၍ထုတ်ပြန်၍မရသေးကြာင်း၊သတင်းဓာတ်ပုံပင်ရိုက်ခွင့်မပြုနိုင်ကြောင်း ဖြေကြားသည်။ ၎င်းမိန်းကလေးသည်လားရှိုးမြို့၊ရပ်ကွက်(၁၀)၊နယ်မြေ(၈)၊သစ္စာလမ်းတွင်နေထိုင်သောမရွှေမိုးဦးဖြစ်ပြီးသေဆုံး မှုနှင့်ပတ်သက်၍အဘယ့်ကြောင့်သေဆုံးသွားသည်ကိုလားရှိုးမြို့ခံလူထုများကသိချင်နေကြသော်လည်း သက်ဆိုင်ရာ ရဲစခန်းမှ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။


 မြန်မာ့ခေတ်

No comments:

Post a Comment