
ဇူလိုင်လ ၁၈ ရက်နေ့က TNLA သောင်းကျန်းသူအဖွဲ့ တပ်ရင်း(၄၇၈)မှ တပ်ရင်းမှူးအဆင့်ရှိ ဥာဏ်ဖေနှင့် ဒုတပ်ရင်းမှူးအဆင့်ရှိရဲဟိန်းပါဝင်သောအင်အား(၆၀)ယောက်သည် မန်အောင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာအနီးပတ်ဝန်းကျင်ကျေးရွာများမှရွာလူကြီးများအားခေါ်ယူ၍ကျေးရွာတစ်ရွာလျင်တပ်သားသစ်(၅)ယောက်၊
အိမ်ထောင်တစ်စုလျှင်ဆန်(၁)တင်းနှင့်ဆား(၂)ပိသာ ပေးရးမည်ဟ ပြောကြားခဲ့ကြောင်းသိရပါသည်။ယခုကဲ့သို့ ရိက္ခာတောင်းယူခြင်းသည် စားဝတ်နေရေးပြေလည်သောပလောင်လူမျိုးများအတွက်အခက်အခဲမရှိနိုင်သော် လည်းမိုးတွင်းကာလတွင်တစ်နေ့လုပ်မှ တစ်နေ့စားရသော ဆင်းရဲချို့တဲ့သောမိသားစုများအတွက်များစွာ အခက်အခဲ ရှိနေပါသည်။
ပလောင်မျိုးချစ်တပ်မတော်ဟုဆိုသောTNLAသည် မိမိတို့ပလောင်လူမျိုးအတွက်စားဝတ်နေရေးအဆင်ပြေ အောင်ယနေ့ချိန်ထိဘာတစ်ခုမှလုပ်မပေးခဲ့သည့်အပြင်အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့်ရိက္ခာများ တောင်း ယူနေခြင်းကြောင့်မိမိတို့မိသားစုစားဝတ်နေရေးအပြင် TNLA သောင်းကျန်းသူများအတွက်ပါ မိုးထဲရေထဲတွင်ပင်ပန်းစွာလုပ်ကိုင်နေရကြောင်းပလောင်အမျိုးသားတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။
No comments:
Post a Comment