ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့ မြစိမ်းရောင်တောင် ရှေးဟောင်းသာသနာ့နယ်မြေတွင်ကမ္ဘာ့အကြီးဆုံး ကြေးသွန်း ခေါင်းလောင်း တော်ကြီးကိုသွန်းလုပ်လှူဒါန်းမည် ဖြစ်ကြောင်းသိရသည်။အဆိုပါ ခေါင်းလောင်း တော်ကြီးကို မြောင်းမြမြို့ မြတိဂုံ စေတီတော်ရင်ပြင်တွင်ထားရှိမည် ဖြစ်ပြီး ကြေးပိဿာချိန် ၂သိန်းကျော်
တန်ချိန်အားဖြင့်၃၃၃တန်ဖြင့်သွန်းလုပ်သွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီး ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။ခေါင်းလောင်းတော်ကြီးကို ဓမ္မမဏ္ဍိုင်ခေါင်းလောင်းတော်ကြီးဟုအမည်ပေးထားပြီးအဆိုပါ ခေါင်း လောင်းတော်ကြီးတည်ဆောက်မှုအတွက်ကုန်ကျငွေကျပ်သိန်းပေါင်း၇သောင်းခန့်ရှိမည်ဟုခန့်မှန်းထားသည်။ ခေါင်းလောင်းတော်ကြီးသွန်းလောင်းရာ၌လူအများ၏ကုသိုလ်များပါဝင်နိုင်ရန်တစ်ဦးလျှင်အများဆုံး ငွေကျပ် ၃ သောင်းအထိသာ လှူဒါန်းခွင့် ပြုကြောင်း သိရသည်။
မြန်မာနိုင်ငံ တွင် လက်ရှိ အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကြီး မှာ မင်းကွန်း ခေါင်းလောင်းကြီး ဖြစ်ပြီး အလေးချိန် အားဖြင့် ကြေးပိဿာချိန် ၅၅၅၅၅ ပိဿာ ( ၉၀ ဒသမ ၉၂ တန် ) ရှိပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံးခေါင်းလောင်းကြီးလည်း ဖြစ်သည်။ ယခု သွန်းလုပ်မည့်ဓမ္မမဏ္ဍိုင် ကြေးသွန်း ခေါင်းလောင်းတော် ကြီးမှာကမ္ဘာပေါ်တွင်အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကြီး ဖြစ်လာနိုင်ဖွယ်ရှိသည်ဟုသိရသည်။
ခေါင်းလောင်းကြီး အတွက် ထည့်ဝင် လှူဒါန်း လိုသူများ အနေဖြင့် မြန်မာ့ မွေးမြူရေး နှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်ခွဲများမှ တစ်ဆင့် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment