အော်ပရေတာ တင်ဒါအောင်မြင်ခဲ့သည့် Telenor Group အနေဖြင့် တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာကို စတင် ဖွင့်လိုက်ကြောင်းသိရသည်။
အဆိုပါ စာမျက်နှာပေါ်တွင် Telenor ၏ နောက်ဆုံးသတင်းများကို အချိန်နှင့် တစ်ပြေးညီ တင်ပေးထားမည်ဖြစ်ကြောင်း Telenor Myanmar ၏ တာဝန်ရှိသူများက ဆိုသည်။ အကယ်၍
Telenor၏သတင်းများကိုပိုမို၍အသေးစိတ်သိရှိလိုပါကလည်းကောင်း၊ မေးမြန်းချက်များအတွက် ပြန်လည် ဖြေကြားချက်များ၊တရားဝင်ကြေညာချက်များ ရရှိလိုပါကလည်းကောင်းTelenorကအကြောင်းပြန်သွားမည် ဖြစ်ကြောင်းသိရသည်။အဆိုပါစာမျက်နှာမှာ TelenorMyanmar၏တရားဝင်ဖွင့်လှစ်ထားသောဖေ့စ်ဘုတ်စာ မျက်နှာဖြစ်သည်ဟု အသိပေးအကြောင်းကြားလိုက်ခြင်းဖြစ်သည်။
Telenor Myanmar အနေဖြင့် တင်ဒါလုပ်ကိုင်ခွင့် လိုင်စင်ရရှိ ပြီး ၈ လအကြာတွင် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတင်ဒါလုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီးနောက် မြန်မာနိုင်ငံ အနှံ့ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကိုအခြား အော်ပရေတာသုံးခုနှင့်ယှဉ်ပြိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
Internet Journal
No comments:
Post a Comment