ယခုလရောင်းမည့်ကျပ်ထောင့်ငါးရာတန်ဂျီဖုန်းအားMPTတံဆိပ်ဖြင့် ရောင်းမည်ဖြစ်ပြီးကတ်ပျောက်လျှောက် ထားမှုကို တိုင်းမန်နေဂျာရုံးများတွင်သာ ဆောင်ရွက်ရမည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။
''ဆက်သွယ်ရေးတံဆိပ်နဲ့ ရောင်းတယ်ဆိုပေမယ့် ဖုန်းကတ်ပျောက်တာကို တော့တိုင်းမန်နေဂျာရုံးတွေကပဲ
ဆောင်ရွက်မှာပါ။MECဖုန်းတွေ လျှောက်ရသလိုမျိုးပဲ နှုန်းထားလည်းမပြောင်းလဲပါဘူး''ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှအင်ဂျင်နီယာမှူး တစ်ဦးက ပြောသည်။ မိုဘိုင်းဖုန်းဆင်းကတ်ပျောက်ဆုံးမှုကိုကျပ်နှစ်သောင်း နှုန်းဖြင့် ဆောင်ရွက်ပေးကြောင်း၊ ကျပ်ထောင့်ငါးရာတန်ဖုန်းမှလွဲ၍ကျန်ရှိသည့်မိုဘိုင်းဖုန်းများကိုဆက်သွယ် ရေး ရုံးများတွင် ဆောင်ရွက်ပေးကြောင်း၎င်းကဆက်လက် ပြောသည်။''အင်တာနက် လျှောက်ထား မှုကို လည်း တိုင်းမန်နေဂျာ ရုံးတွေက ပဲ ဆောင်ရွက်ပေးမှာပါ။
အရင်ရောင်းချ ထားတဲ့ ဖုန်းတွေလိုမျိုး ဆက်သွယ်ရေး ရုံးတွေမှာလျှောက်လို့ မရပါဘူး'' ဟု ၄င်းက ဆက်ပြောသည်။မန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုလမှစ၍ ကျပ်ထောင့်ငါးရာ တန်ဂျီဖုန်း နှစ်သိန်းကို စတင်ရောင်းချမည်ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး တွင် အလုံးရေ ရှစ်သောင်းကျော် ချထားမည် ဖြစ်ကြောင်း၊ ယင်းအပြင် ယခင်ရောင်းချ လျက်ရှိသည့် MECတံဆိပ် CDMA 800 MHz ဖုန်းကိုလည်း အလုံးရေ တစ်သိန်းခွဲဆက်လက်ရောင်းချပေးမည် ဖြစ်ပြီးရန်ကုန်တွင်တစ်သောင်းလေးထောင်ကျော်ချထားပေးမည် ဖြစ် ကြောင်းသိရသည်။
အဆိုပါဖုန်းများကိုလည်းယခင် ရောင်းသည့်ပုံစံအတိုင်းရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးများမှတစ်ဆင့် လျှောက် ထားရမည်ဖြစ်ပြီးကတ်ချိုးပြီး၁၅ရက်အတွင်း ငွေဖြည့်သွင်းခြင်းမရှိပါက အလိုအလျောက် လိုင်းပိတ်မည်ဖြစ် သည်။ ၄င်းအပြင် MEC ကဲ့သို့ နှစ်လအတွင်း ကျပ်ငါးထောင်ကုန်အောင် မ သုံးစွဲပါကလည်း ကျပ်ငါးထောင် အထိ အလိုအလျောက် ဖြတ်တောက် မည်ဖြစ် ကြောင်း သိရသည်။
အောင်ဇော်
No comments:
Post a Comment