ဇူလိုင်လ(၁၂)ရက်နေ့ကသီပေါမြို့နယ်နမ့်ရမ်းအုပ်စုနောင်ကော်ကြီးကျေးရွာ၊ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပြဇတ်ရုံအနောက်ဘက်ကိုက်(၃၀၀)ခန့်အကွာ နောင်ကော်ကြီးရေကန်အတွင်းလူ(၃)ဦး သေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှဖုန်းဖြင့်သတင်းပေးပို့မှုအရနမ့်လန်ရဲစခန်းမှတာဝန်ရှိသူများမှသွားရောက်စစ်ဆေးရာ
ရှမ်းအမျိုးသားတစ်ဦး၊အမျိုးသမီး(၁)ဦးနှင့်အသက်(၂)အရွယ်ကလေးငယ်တစ်ဦးတို့သည်ပလပ်စတစ်ကြိုးဖြင့် ခန္ဓာကိုယ်အား မျက်နှာချင်းဆိုင်ရစ်ပတ်လျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ရေကန်ပတ်ဝန်းကျင်မှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်လျက် ရှမ်းဘာသာဖြင့် ရေးသားထားသော စာ(၁)ေ စာင် အား တွေ့ရပြီး ၄င်းစာတွင် `` ၁၀.၇.၂၀၁၃ ရက်နေ့၊ ဒီစာတွေ့ရှိသူ နမ့်လန် ကောင်းခမ်းထံ သတင်း ပို့ပေးလိုက်ပါ၊ဘယ်သူအမှားမှမထင်တော့ဘူး၊ဘယ်သူမှမယိုး/မစွပ်စွဲတော့ဘူး၊ကျွန်တော်တို့အကြောင်းတွေ ကအခက်အခဲကြီးတွေရှိလို့ဒီလိုဖြစ်ခဲ့ပါတယ်၊ဘယ်သူလာရောက်မြင်တွေ့သွားလဲ ကောင်းခမ်းကိုသတင်းပို့ လိုက်ပါ၊ ကျွန်တော်တို့ မိသားစု (၃)ယောက်ကတော့ ဘယ်သူ့မှ အပြစ်မတင်တော့ဘူး၊ ကျွန်တော်တို့ အကြောင်းပါလို့ပါ၊လူ့ဘ၀နောက်ပိုင်းကိုဘယ်သူမှမသိနိုင်ပါဘူး´´ ဟု ရေးသားဖော်ပြထားကြောင်း သိရသည်။
No comments:
Post a Comment