
ဇူလိုင်လ(၈)ရက်နေ့ နေ့လည်(၁၂)နာရီတွင်မူဆယ်မြို့၊မုံးကိုးမြို့နယ်ခွဲလွယ်ဝန်ကျေးရွာအုပ်စုတွင် စာရေး တာဝန်ထမ်းဆောင်နေသည့်ဦးဘောက်လဒ် သည်မုံးကိုးမြို့နယ်အုပ်ချုပ်ရေးရုံး၌ကျင်းပပြုလုပ်သည့်အစည်း
အဝေးတက်ရောက်ရန်လွယ်ဝိန်းမှထွက်ခွာသွားပြီးနေအိမ်သို့ယနေ့ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိ ကြောင်း သိရပါသည်။
ဦးဘောက်လဒ်သည်ဇူလိုင်(၉)ရက်နေ့ နံနက်(၄)နာရီခွဲတွင် လွယ်ဝိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းနှင့်ဆက်သွယ်ပြောပြချက်အရKIAသောင်းကျန်းသူအဖွဲ့မှမန်ကောင်းကျေးရွာအနီးတွင်ဖမ်းဆီးခေါ်ဆောင် သွားကြောင်းနှင့်KIAသောင်းကျန်းသူများလက်မှ ပြန်လည်လွတ်မြောက်ရေးဆောင်ရွက်ပေးရန် ပြောဆို သော ကြောင့် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သည် မုံးကိုးရဲစခန်းသို့သွားရောက်တိုင်တန်းအမှုဖွင့် ထားကြောင်း သိရပါသည်။
KIA သောင်းကျန်းသူများသည်ယခုရက်ပိုင်းတွင်အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်နေသောကြောင့် KIA သောင်းကျန်းသူများ လှုပ်ရှားသွားလာသည့် နေရာတစ်ဝိုက်တွင် နေထိုင်သည့် တိုင်းရင်းသားများမှာ စိုးရိမ်ကြောက်ရွံ့စိတ်များဖြစ်ပေါ်နေပြီး KIA သောင်းကျန်းသူများအား မုန်းတီးနေကြကြောင်း ဒေသခံ တစ်ဦး၏ သတင်းပေးပို့ချက်အရ သိရပါသည်။
No comments:
Post a Comment