ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်သည် နိုင်ငံ၏ ပထမဆုံးသော ကာကွယ်ရေးဝန်ကြီး အဖြစ် ဇူလိုင် ၁၁ ရက်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီး အဖြစ် စတင်တာဝန် ထမ်းဆောင်ရန် အဆိုပါ ဝန်ကြီးဌာန အဆောက်အအုံ အတွင်းသို့ ရင်လပ် ရောက်ရှိလာချိန်တွင် ဒုတိယ
ကာကွယ်ရေး ဝန်ကြီးဗိုလ်ချုပ်ကြီးယူသာဆက်ဆာစီဖရာပါ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာနာ ဆက်ပါတီမာ ပါခွန်နှင့် အခြားအဆင့်မြင့် အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ကာကွယ်ရေးဝန်ကြီး ဌာနသို့ ရင်လပ် မရောက်ရှိလာမီ အချိန်တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက ဝန်ကြီးချုပ် အနေဖြင့်ကာကွယ်ရေးဝန်ကြီးအဖြစ်ပူးတွဲတာဝန်ထမ်းဆောင်ခြင်းကိုကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ကာကွယ်ရေးဝန်ကြီးရာထူးကိုဝန်ကြီးချုပ်ရင်လပ်ကပူးတွဲထမ်းဆောင် ခြင်းသည် နိုင်ငံရေးနှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေ နိုင်သောကြောင့် ကာကွယ်ရေး ဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ယူ ခြင်းသည် နိုင်ငံရေးစွက်ဖက်မှုတစ်ရပ်ဟုယူဆရမည်ဟုဆန္ဒပြအဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ တူလ် ဆစ်သီဆွန် ဝုန်က ပြောကြား ခဲ့ကြောင်း သိရသည်။
ဗန်ကောက် ဇူလိုင် ၁၁(MWD)
No comments:
Post a Comment