ရှမ်းပြည်နယ်အစိုးရ၏ ရံပုံငွေဖြင့် နမ့်စန်ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်သော နမ့်စန်မိုးနဲသွားကားလမ်းနှင့်ရထားလမ်းဆုံရာမှရွာပေါင်း(၃)ရွာအထိ ကျောက်ချောလမ်းခင်းရန် ဆောင်ရွက် နေမှုအားရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့များမှလုပ်ငန်းရပ်ဆိုင်းထားရန်လာရောက်တား
ဆီးသွားကြောင်းနမ့်စန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ရှိဝန်ထမ်းတစ်ဦးထံမှသိရသည်။
၎င်းမှဆက်လက်ကာ“အခုလမ်းခင်းနေတာနမ့်စန်ကားလမ်းနဲ့ရထားလမ်းဆုံတဲ့ နေရာကနေပါသစ်ရွာအထိ (၃) မိုင်၊၀မ်နောင်ရွာအထိ (၁၄) မိုင်၊ လွယ်အိုင်ရွာအထိ (၄) မိုင် စုစုပေါင်း မိုင်(၂၀) ကျောက်ချောခင်းမှာပါ၊ ရှမ်းပြည်နယ်အစိုးရကချပေးတဲ့ရံပုံငွေနဲ့ခင်းတာပါ။ဒေသခံတွေအတွက်သွားလာရေးလွယ်ကူအဆင်ပြေသွား မှာပါ၊ဒါပေမဲ့ပါလပ်ရွာအထိဘဲလမ်းခင်းရမယ်၊ပြေတဲ့အတိုင်းမလုပ်ဘဲလမ်းဆက်ခင်းလာမယ်ဆိုရင် ပြသနာ တက်မယ်ဆိုပြီးယွက်ဆစ်အဖွဲ့ကလူတွေလာပြောသွားတယ်လို့သိရတယ်၊ အခု နမ့်စန်ဆောက်လုပ်ရေးက ၀န်ထမ်းတွေလည်း လမ်းဆက်ပြီး မခင်းရဲ တော့ဘူး၊ ရွာသားတွေကလည်း လမ်းခင်းတာကို ခွင့်ပြုပေးဖို့ ယွက်ဆစ်အဖွဲ့ဆီကို သွားတောင်းပန်ဖို့ တိုင်ပင် နေတယ်လို့ သိရသည်”ဟု ပြောပြပါသည်။
နမ့်စန်မြို့၊ မဲဆန္ဒနယ်အမှတ် (၂) မှ တာဝန်ရှိသူများက အထက်ပါကိစ္စအား စုံစမ်းနေကြကြောင်းနှင့် အချက် အလက်ပြည့်စုံပါက ပြည်နယ်လွတ်တော်သို့ တင်ပြအစီရင်ခံသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
နမ့်စန်မြို့ခံတစ်ဦး (shan new)
No comments:
Post a Comment