Friday, July 19, 2013

TNLA သောင်းကျန်းသူများမှ ကွတ်ခိုင်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ ဖမ်းဆီးခေါ်ဆောင်


20 July 2013



ဇူလိုင်လ(၁၉)ရက်နေ့ကTNLA သောင်းကျန်းသူများသည်ကွတ်ခိုင်မြို့နယ်၊မန်နိမ်းကျေးရွာသို့လက်နက်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ ပြည်သူ့စစ်ခေါင်းဆောင်ဦးကျော်သိန်းနှင့်ဇနီးဖြစ်သူ   ဒေါ်ရန်ရွှေစောက်၊  ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးညီပါ နှင့် ကျေးရွာတွင် အလုပ် လုပ်ကိုင်နေသူ ရွာသား(၃)ဦးအား
ဖမ်းဆီးခေါ်ဆောင်ပြီးဟိုမောကျေးရွာသို့ထွက်ခွာသွားကြောင်းသိရပါသည်။TNLAသောင်းကျန်းသူများသည်   ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနယ်မြေဒေသလုံခြုံရေးဆောင်ရွက်ရွာတွင်အသုံးပြုသောသေနတ်(၂)လက်ကိုလည်း သိမ်းဆည်းသွားကြောင်း သိရပါသည်။

TNLA သောင်းကျန်းသူများသည် ယခင်က  တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းခြင်း၊ လူသစ် အဖြစ် မ၀င်ရောက်လို၍ ထွက်ပြေးတိမ်းရှောင်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများမှဆန်နှင့်ဆက်ကြေး   ငွေများ အတင်းအဓမ္မ တောင်းခံခြင်းများများ မကြာခဏလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရ ပါသည်။ထို့ကဲ့သို့ယုတ်မာရိုင်းဆိုင်းသောလုပ်ဆောင်ချက်များကြောင့်TNLA သောင်းကျန်းသူများအား   ကြောက်ရွံ့ မုန်းတီးနေကြောင်း သိရပါသည်။

No comments:

Post a Comment