Monday, July 8, 2013

လားရှိုးမြို့ ရပ်ကွက်(၅)ရှိ နေအိမ်တစ်အိမ်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူ ဖမ်းဆီးရမိ


8 July 2013

ဇူလိုင်လ(၇)ရက်နေ့က လားရှိုးမြို့ ရပ်ကွက်(၅)ရှိ ဦးလီပေါက်ချမ်း နေအိမ်အား သေနတ်ဖြင့် လမ်းပေါ်မှ (၅)ချက်ပစ်ခတ်၍ပါဂျဲရိုးအဖြူရောင်ဖြင့်ထွက်ပြေးသွားကြောင်းသိရပါသည်။သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေး
သွားသူအားတာဝန်ရှိသူများမှပူးပေါင်းရှာဖွေရာမူဆယ်ဘက်သို့မောင်းနှင်ထွက်ပြေးသွားကြောင်းသိရ၍လားရှိုး သိန်းနီလမ်းတစ်လျှောက်  ပိတ်ဆို့ရေးအဖွဲ့များဖွဲ့စည်း၍   ရှာဖွေစစ်ဆေးရာနေ့လည်(၂)နာရီ(၁၅)မိနစ်တွင် သိန်းနီမြို့နယ်ရေပူစစ်ဆေးရေးဂိတ်ဟောင်းတွင်သေနတ်ဖြင့်ပစ်ခတ်သွားသူယူဆင်အားပစ္စတို(၁)လက်၊ကျည် အိမ် (၂)ခု ကျည်(၁၀)တောင့်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။


 ယူဆင်မှဦးလီပေါက်ချမ်း နှင့် ငွေကြေးအရှုတ်အရှင်းကစ္စပြောဆိုရာတွင်အဆင်ပြေမှုမရှိ၍စိတ်မထိန်းနိုင်ဘဲ ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်လားရှိုးမြို့ရပ်ကွက်(၅)ရှိယူဆင်၏ဇနီးနေအိမ်အား ပူးပေါင်းအဖွဲ့များမှဝင်ရောက်ရှာဖွေရာဘိန်းစိမ်း(၂)ကျပ်ခွဲသားခန့်တွေ့ရှိရပြီး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်းအိမ်ရှေ့တံခါးနှင့်အပေါ်ထပ်ဝရံတာတို့တွင်ကျည်ဆံ ဖောက်ထွက်ရာများ ဖြစ်ပေါ် ခဲ့သောကြောင့်တရားခံယူဆင်အားလားရှိုးမြို့အမှတ်(၁)ရဲစခန်းမှ တရားမ၀င် လက်နက်ကိုင်ဆောင်ပစ်ခတ် မှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment