ပိုလန်နိုင်ငံမှာ ဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒ ပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး နိုဘယ်လ်ဆုရှင်အမျိုးသမီး ဖြစ်ပါတယ်။ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။Radioactivity သီအိုရီကို စတင်ထုတ်ဖော်နိုင်သူ၊ radioactive
isotopes ခွဲထုတ်ခြင်းနည်းပညာကိုဖန်တီးသူ၊ ပိုလိုနီယမ်၊ရေဒီယမ်အစရှိသဖြင့် ဒြပ်စင် နှစ်ခု ရှာဖွေတွေ့ရှိသူ အဖြစ်အောင်မြင်ကျော်ကြားပြီးအခြားသောသိပ္ပံပညာရပ်ဆိုင်ရာအောင်မြင်မှုပေါင်းများစွာရရှိထားသူဖြစ်ပါတယ်။
၁၈၆၇ ခုနှစ်နိုဝင်ဘာလ ၇ ရက်နေ့ကမွေးဖွားပြီး ၁၉၃၄ ခုနှစ်နိုဝင်ဘာလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးအနေနဲ့သူမရဲ့တီထွင်မှု၊ရှာဖွေဖော် ထုတ်နိုင်မှုဟာအခြားသောအောင်မြင်တဲ့အမျိုးသားသိပ္ပံပညာရှင်များနဲ့တန်းတူယှဉ်နိုင်ခဲ့ပါတယ်။လက်ရှိအချိန် ထိလည်းကမ္ဘာ့ပထမဆုံးအမျိုးသမီးနိုဘယ်ဆုရှင်၊ကမ္ဘာ့အထူးချွန်ဆုံးအမျိုးသမီးရူပ၊ဓာတုဗေဒပညာရှင်အဖြစ် အသိမှတ်ပြုခံထားရကြောင်းသိရပါတယ်။
International news for myanmar
No comments:
Post a Comment