ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းယောင်းမြို့နယ်အတွင်းရှိကျေးရွာများမှရွာသားများနှင့်ရော်ဘာခြံအလုပ်သမား များအား၂၀၁၃ခုနှစ်ဇူလိုင်လ၂၄ရက်နေ့ကSSA(ရွက်ဆစ်)အဖွဲ့မှအတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့
ကြောင်း သတင်းရရှိပါသည်။ ၂၀၁၃ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ည(၈)နာရီခန့်တွင် (SSA)ခွဲထွက်ဟု ယူဆရသောရှမ်းသောင်းကျန်းသူအဖွဲ့မှလက်နက်ကိုယ်စီနှင့် အင်အား(၃၀)ဦးခန့်သည် မိုင်းယောင်းမြို့နယ် ၀မ်တပ်ကျေးရွာအုပ်စုမှကျေးရွာများဖြစ်သော-၀မ်ဒေကျေးရွာမှရွာသား(၂၈)ဦးနှင့်ရော်ဘာခြံတွင်လာရောက် လုပ်ကိုင်နေသောဗမာလူမျိုး(၂)ဦး၊၀မ်မိုင်ကျေးရွာမှရွာသား(၁၈)ဦး၊၀မ်ကျူးကျေးရွာမှရွာသား(၉)ဦးနှင့် ရော် ဘာခြံအလုပ်သမားဗမာလူမျိုး(၂)ဦး၊စုစုပေါင်း(၅၉)ဦးတို့အားကြိုးတုတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
SSA(ရွက်ဆစ်)အဖွဲ့သည်နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှတစ်ခုဖြစ်သော်လည်း ၄င်းတို့အဖွဲ့အနေဖြင့် တပ်ဖွဲ့အင်အား တောင့်တင်းစေရန်နှင့် စားဝတ်နေရေး ပြေလည်စေရန် လစဉ် လူသစ်စုဆောင်းခြင်းများ၊ ဆက်ကြေးကောက်ခံခြင်းများစသည်တို့ကို ပြုလုပ်နေဆဲဖြစ်ကြောင်းသိရှိရပါသည်။ယခုဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသော ရွာသားများမှ ဗမာလူမျိုး(၂)ဦးမှာ မိတ္ထီလာမြို့နယ်၊ သဲတောကျေးရွာမှ ၀မ်ဒေကျေးရွာရှိ ဦးစိုင်းလုံ၏ရာဘာခြံတွင် လာရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရှိရပါသည်။
ခေမာရဌ်
No comments:
Post a Comment