SE.ME.WE3ဖိုက်ဘာဆက်ကြောင်းဖြင့်ချိတ်ဆက်၍အင်တာနက်မြန်နှုန်းပိုမိုမြှင့်တင်ဆောင်ရွက်မည်ဖြစ် ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ယင်းဖိုက်ဘာ
ဆက်ကြောင်းဖြင့် အမေရိကန်ဒေါ်လာသန်း ၄၀အကုန်အကျခံချိတ်ဆက်သွားမည် ဖြစ်ကြောင်း၊ ယင်းဆက် ကြောင်းသည်စင်ကာပူနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကိုသွယ်တန်းနေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ချောင်းသာ(သို့) ငွေဆောင်ကမ်းခြေတစ်ခုခုမှခန့်မှန်းခြေရေမိုင်ကီလိုမီတာ ၂၀၀ကျော်အထိ ဖိုက်ဘာ ဆက်ကြောင်း ပြုလုပ်ပါက ယင်းဖိုက်ဘာ ဆက်ကြောင်းဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း၊ ယင်းဖိုက်ဘာဆက်ကြောင်းအားငါးလအတွင်းအပြီးသတ်လုပ်ဆောင်မှုအတွက်ချိုင်းနားယူနီကွန်းနှင့်တည် ဆောက်ရေး လုပ်ငန်းများ သဘောတူစာချုပ် ချုပ်ဆိုထားကြောင်းသိရသည်။
No comments:
Post a Comment