Sunday, June 30, 2013
ယူအီးအက်ဖ်အေ ဥရောပ အမျိုးသမီး ယူ-၁၇ ချန်ပီယံဖလား ပိုလန် အမျိုး သမီးအသင်း ဆွတ်ခူး
ယူအီးအက်ဖ်အေဖလားဥရောပအမျိုးသမီးယူ၁၇ချန်ပီယံဗိုလ်လုပွဲကိုဇွန်၂၈ရက်ကဆွစ်ဇာလန်နိုင်ငံ နိုင်ယွန် မြို့၌ကျင်းပခဲ့ရာ ပိုလန်အမျိုးသမီး ဘောလုံးအသင်းသည်ဆွီဒင်အသင်းအားအနိုင်ရရှိကာ ၎င်းတို့၏ ပထမဆုံး ချန်ပီယံဖလားကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်တွင် ပိုလန်အသင်းသည် ဆွီဒင်အသင်းအား ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းဂိုးကို အီဝီလီနာ ကစ်ဆက်စ်က ပွဲချိန် ၁၅ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ် သည်။ ပိုလန်နိုင်ငံသည် လွန်ခဲ့သော ၁၂ နှစ်ခန့်က ကစားခဲ့သည့် ယူ-၁၈ အမျိုးသားပွဲစဉ် နောက်ပိုင်း ယူအီးအက်ဖ်အေ ချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
GSM/WCDMA ဖုန်းများဖြင့် ပြည်ပ သို့ ဖုန်းခေါ်ဆိုမှုများအတွက် မြန်မာကျပ်ငွေဖြင့်ပေးဆောင်နိုင်ပြီ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှယနေ့ ၂၀၁၃ခုနှစ်ဇူလိုင်လ၁ရက်နေ့မှစတင်၍GSM နှင့် WCDMA(3G) စနစ်သုံးမိုဘိုင်းဖုန်းများ၏နိုင်ငံခြားခေါ်ဆိုခနှုန်းထားများအား မြန်မာကျပ်ငွေတမျိုးတည်းဖြင့် ကောက်ခံတော့ မည် ဖြစ်ပါသည်။
ယခင် နိုင်ငံခြားခေါ်ဆိုရန်အတွက် အဖ်အီးစီ ငွေဖြည့်သွင်းထားသည်များအားလည်း ယခင်နှုန်းထားတိုင်းအသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး၎င်းငွေလက်ကျန်ကုန်ဆုံးမှသာနိုင်ငံခြားခေါ်ဆိုခများအားမြန်မာ ကျပ်ငွေဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။CDMA800 နှင့်CDMA450မိုဘိုင်းဖုန်းများ၊ အော်တိုတယ်လီ ဖုန်းများ၏နိုင်ငံခြားခေါ်ဆိုခမှာမူလအတိုင်း ပြောင်းလဲမှုမရှိသေးပဲမကြာခင်ယခုကဲ့သို့ ပြောင်းလဲသွားမည်ပာု သိရှိရပါသည်။
သတင်းပေါင်းစုံ(FB)
Saturday, June 29, 2013
Thursday, June 27, 2013
SSA (၀မ်ဟိုင်း)မှ မိုင်းရယ်မြို့နယ် ဘုန်ကြီးကျောင်းအနီး နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်
ဇွန်လ ၂၇ ရက်နေ့က SSA (၀မ်ဟိုင်း)မှ သောင်းကျန်းသူများသည်မိုင်းရယ်မြို့နယ်ဟိုယ ကျေးရွာဘုန်ကြီး ကျောင်းအနီးရှိ ဦးနားမွန်း နေအိမ်အားကာလမ်းပေါ်မှ နေအိမ်အတွင်းသို့လက်ပစ်ဗုံးနှင့်ပစ်ပေါက်ဖျက်ဆီး မှုကြောင့်လူများထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း နေအိမ်ပြူတင်းပေါက်မှန်များ ပျက်ဆီးသွားကြောင်း ဒေသ ခံ တစ်ဦးပြောပြချက်အရ သိရပါသည်။ ယခုရက်ပိုင်းတွင် SSA (၀မ်ဟိုင်း)အဖွဲ့မှယခုကဲ့သို့အဖျက် အမှောက်လုပ်ငန်းများအား မကြာခဏ လုပ်ဆောင်နေကြောင်း သိရပါသည်။
သီပေါမြို့ ဘော်ကြိုကျေးရွာတွင် နေအိမ်အတွင်း တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံးတွေ့
ဇွန်လ၂၇ရက်နေ့ကသီပေါမြို့မှရဲတပ်ဖွဲ့ဝင်များသည်ဘော်ကြိုကျေးရွာနေ ဦးစံပွင့်သသည် မူးယစ်ဆေး ၀ါးများရောင်းဝယ် နေသည်ဟု သတင်းရရှိသဖြင့် ၄င်း၏ နေအိမ်အား သွားရောက်ရှာဖွေရာ ဦးစံပွင့် အား မတွေ့ရဘဲဇနီးဖြစ်သူဒေါ်အေးလိတ်ရှမ်း/ဗုဒ္ဓအားရဲတပ်ဖွဲ့များမှာ တွေ့သောအခါ ဒေါ်အေးလိတ်သည် နေအိမ် အပြင်ဘက်သို့ ကြွတ်ကြွတ်အိတ်တစ်လုံးလွှင့် ပစ်ခဲ့ကြောင်း နှင့် ကြွတ်ကြွတ်အိတ်အား ရှာဖွေရာ အလျား ၃လက်မအနံ၇လက်ရှိသောတရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး တစ်လုံးတွေ့ရှိရသဖြင့် လက်နက်ခဲယမ်း ကိုင်ဆောင်သည့် ဒေါ်အေးလိတ်အား သီပေါရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သိန်းနီ -ကွတ်ခိုင် အထွက် အေးရှားဝေါလ်ဂိတ်တွင် တရားမ၀င်သယ်ဆောင်လာသော နွား(၄၅)ကောင် ဖမ်းဆီးရမိ
ဇွန်လ၂၇ရက်နေ့ကသိန်းနီရဲစခန်းမှတာဝန်ရှိသူများသည်သတင်းအရသိန်းနီကွတ်ခိုင် အေးရှားဝေါလ်ဂိတ်တွင် တွင်စောင့်ဆိုင်းနေစဉ်လားရှိုးမှသိန်းနီဘက်သို့မောင်းနှင်လာသောမာတူး(ဘ)ဦးအင်ခွန်တာလားရှိုးမြို့နေသူ မောင်းနှင်လာသည့်၁၂ဘီးယာဉ်အားရပ်တန့်စစ်ဆေးရာယာဉ်ပေါ်တွင် နွားအရွယ်မစားမျိုးစုံ(၄၅)ကောင်အား မိုးကာအုပ်၍ သယ်ဆောင်မောင်းနှင်လာကြောင်း တွေ့ရှိရသဖြင့် မာတူအား အရေးကြီးကုန်ပစ္စည်းများ ၀န်ဆောင်မှု ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Wednesday, June 26, 2013
ပုဂ္ဂလိက လေကြောင်းလိုင်း ၁ဝ ခုထိ ရှိလာ သော်လည်း ၁၉၆ဝ ပြည့်နှစ် ဝန်ဆောင် မှုကို မယှဉ်နိုင်သေး
27 June 2013
မြန်မာ့လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်း ၁ဝ ခုထိ ရှိလာသော်လည်း ၁၉၆ဝ
ပြည့်နှစ်က မင်္ဂလာဒုံ လေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်သို့ Transit
လုပ်ကာ နိုင်ငံတကာသို့ သွားနိုင်သော အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခု
အခြေအနေမှာ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်က လေကြောင်း ဝန်ဆောင်မှု
လုပ်ငန်းကို မယှဉ်ပြိုင်နိုင်သေးကြောင်း သိရသည်။
သုံးဘီးကား Campagna T-Rex 2013 မော်ဒယ်သစ်
27 June 2013
၂၀၁၃ မော်ဒယ် အဖြစ် အသစ်ဆက်ဆက် ထွက်ရှိလာတဲ့ သုံးဘီးကား ဖြစ် ပါတယ်။ ကနေဒါနိုင်ငံထုတ်ပါ။ ကမ္ဘာမှာ ထူးထူးခြားခြား အမျိုးအစား တစ်ခုတည်း ဆိုတော့ တော်တော် ရေပန်းစား တဲ့ကား ဖြစ်ပါတယ်။
၂၀၁၃ မော်ဒယ် အဖြစ် အသစ်ဆက်ဆက် ထွက်ရှိလာတဲ့ သုံးဘီးကား ဖြစ် ပါတယ်။ ကနေဒါနိုင်ငံထုတ်ပါ။ ကမ္ဘာမှာ ထူးထူးခြားခြား အမျိုးအစား တစ်ခုတည်း ဆိုတော့ တော်တော် ရေပန်းစား တဲ့ကား ဖြစ်ပါတယ်။
မြန်မာပြည်သာ ရောက်ရင် သူ့အတွက်
ဘယ်လိုလိုင်စင် ထုတ်ပေးရမလဲ မသိပါဘူး။ ကားလည်း မဟုတ်၊ ဆိုင်ကယ်လည်း
မဟုတ်သလိုပါ။ သို့ပေမယ့် နိုင်ငံတကာ အများစုမှာ တော့ သူ့ကို ကားတစ်စီးလိုပဲ
သတ်မှတ်ပါတယ်။ အင်ဂျင်ပါယါ ၁၆၀၀ စီစီ I ခြောက်လုံး အင်ဂျင် ကို
အသုံးပြုပြီး ထုတ်နိုင်တဲ့ မြင်းကောင်ရေ အားကတော့ ၁၆၀ hp ရှိပါတယ်။
Samsung နှင့် အကျိုးတူ ပူပေါင်း ဆောင်ရွက်ရန် Facebook မျှော်လင့်
Facebook အမှုဆောင်အရာရှိချုပ် Mark Zuckerberg သည် ၎င်းတို့ကုမ္ပဏီ၏ မိုဘိုင်း ကြော်ငြာ
ရောင်းအားကို ပိုမိုမြှင့် တင်ပေးနိုင်မည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတစ်ရပ်ကို Samsung ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြုလုပ်ခဲ့ကြောင်း သိရသည်။
Mark Zuckerberg ၏ အာရှခရီးစဉ်တွင် Samsung ဥက္ကဋ္ဌဖြစ်သူ Shin Jong Kyun နှင့် တွေ့ဆုံခဲ့ပြီး ပဏာမ အကျိုးတူပူးပေါင်းမှု ပြုလုပ်ရန် ဆွေးနွေးခဲ့သည်။
တရားမဝင် ဆင်ဆာမဲ့ ဇာတ်လမ်း ပြသနေသော 3D ရုပ်ရှင်ရုံကို ဝင်ရောက်ဖမ်းဆီး
27 June 2013
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများဖြင့် အထူးစည်ကားလျက်ရှိသောမုံရွာမြို့ဘုန်းစိုးရပ်ကွက် ကျောက္ကာ လမ်းမကြီးပေါ်ရှိ အအေးခန်း 3D ရုပ်ရှင်ရုံ
တစ်ရုံတွင် ဇွန် ၂၃ ရက် နံနက် ၁၁ နာရီက ပြည်သူ လူထု၏သတင်းပေး တိုင်တန်းချက်များ အရ သက်ဆိုင်ရာမှ ဝင်ရောက်ဖမ်းဆီး အရေးယူခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး၏ မှတ်တမ်းများ အရ သိရသည်။
အဆိုပါ ရဲဌာနပိုင် မှတ်တမ်းများ အရ ဇွန်
၂၃ ရက် နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကြူအင်း၊ အမှတ်(၂)
ရဲစခန်းမှူး ဦးညီညီအောင်၊ စည်ပင်သာယာ ဒုတိယ ဦးစီးမှူး ဦးအောင်လွင်ဦး၊
မြို့နယ် ဗီဒီယို အခြေခံ အဖွဲ့နှင့် ဘုန်းစိုးရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးမျိုးအေးနှင့် အဖွဲ့တို့ ပူးပေါင်း၍ မုံရွာမြို့ ဘုန်းစိုးရပ် ကွက်
ကျောက္ကာလမ်းရှိ ''စိမ်းရွှေဝါ'' အအေးခန်း သီးသန့် ရုပ်ရှင်ရုံကို ဝင်ေ ရာက်
စိစစ်ရာတွင် ဆင်ဆာမဲ့
ငွေလဲနှုန်း နှုန်းရှင်စနစ် သတ်မှတ်ပြီး ၁၄ လအတွင်း ပြင်ပငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၀၀၀ ၀န်းကျင် စံချိန်တင်မြင့်တက်
27 June 2013
ငွေလဲနှုန်းကို နှုန်းရှင်စနစ် သတ်မှတ်ပြီး ၁၄ လကာလအတွင်း ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ၀န်းကျင် စံချိန်တင် မြင့်တက်လာကြောင်း ငွေကြေးဈေးကွက် အသိုင်း အ၀ိုင်းထံမှ သိရသည်။ဇွန် ၂၆ နံနက်ပိုင်း ပြင်ပငွေလဲနှုန်း အဖွင့်ဈေးတွင် အမေရိကန် တစ်ဒေါ်လာ
ရောင်းဈေး ၉၉၈ ကျပ်၊ ၀ယ်ဈေး ၉၉၄ ကျပ်တွင် တည်ရှိနေပြီး ညနေ ၄ နာရီ
အပိတ်ဈေးတွင် ရောင်းဈေးကျပ် ၁၀၀၀၊ ၀ယ်ဈေး ၉၉၆ ကျပ်တွင် ရှိနေသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမည်ပြောင်းမည်
27 June 2013
နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ တွင်ခေါ်ဝေါ်သည့် အမည်အတိုင်း ဖြစ်စေ
ရန် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်း
လဲရန် နိုင်ငံတော်သမ္မတက ဇွန်လ၂၅ ရက်နေ့တွင်ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်သို့သဝဏ်လွှာပေးပို့ထားကြောင်းပြည်ထောင်စုလွှတ်တော်က
ကြေညာသည်။
Tuesday, June 25, 2013
တရုတ်နိုင်ငံမှ မြန်မာအလုပ်သမား ၅၇ ဦးအား လွဲပြောင်းပေး
နမ့်ခမ်းမြို့ လွယ်ကန်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဗုံးဖြင့် ပစ်ခတ်၍ တာဝန်ဝတ္တရားနှောင့်ယှက်
ဇွန်လ၂၅ရက်နေ့ကနမ့်ခမ်းမြို့မှမိုင်းဝီးသွားကားလမ်းပေါ်ရှိလွယ်လင်ကျေးရွာလမ်းမပေါ်တွင်မူဆယ်မူးယစ် တပ်ဖွဲ့မှမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ်ကား လမ်းအနီးကုန်းစောင်းမှ သောင်းကျန်းသူတစ်ဦးသည်ယာခင်းတောစပ်အတွင်းမှဗုံဖြင့်ပစ်ခတ်ခဲ့မှုကြောင့်တာဝန်ထမ်းဆောင်နေသော မူးယစ်အဖွဲ့မှ(၃)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး ဒဏ်ရာ ရရှိသူများအား နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရပါသည်။
Monday, June 24, 2013
RCSS /SSA မှကျောက်မဲမြို့နယ် ခေးနင်းကျေးရွာသို့ တပ်သားသစ်(၄၂)ဦးအား အတင်းအဓမ္မစုဆောင်းသည့် အကြောင်းကြားစာပေးပို့
ဇွန်လ၂၃ရက်နေ့ကRCSS/SSAမှတပ်သားသစ်စုဆောင်းသည့်စာတစ်စောင်အား ကျောက်မဲမြို့နယ် ခေးနင်း ကျေးရွာအုပ်စု လွယ်ကုန်းကျေးရွာသို့ ပေးပို့ခဲ့ကြောင်း သိရပါသည်။ တပ်သားသစ်စုဆောင်းသည့် စာပါ အကြောင်းအရာများမှာ
၁။ဒီစာကိုရရခြင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးခေးနင်းအုပ်စုရှိသူများသည်လွယ်တိုင်းလျှံ မှ ချမှတ်ပေးသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် ။
နံနက်စာအဖြစ် စားသုံးရန် အသင့်လျော်ဆုံး အာဟာရ (၅) မျိုး
(၁) ဥအမျိုးမျိုး
ဥအမျိုးမျိုးဟာ ပရိုတင်းဓာတ် ကြွယ်ဝရုံ သာမက မနက်ခင်းတွင် စားသုံးထားပါက တစ်မနက်လုံး ဗိုက်ဝနေစေ၍ အခြားလိုအပ်သော အာဟာရ များနှင့်လည်း ပြည့်စုံ နေပါတယ်။
(၂)အုတ်စပါး(Oatmeal)
အုတ်စပါးကတော့ နေ့သစ်တစ်ခုစတင်ဖို့ အကောင်းဆုံး အစာတစ်ခု ဖြစ်သလို သင့်ရဲ့ အစာအိမ်ကိုလည်း အလုပ် ခဏခဏ လုပ်စေခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အုတ်စပါး
Sunday, June 23, 2013
သီပေါမြို့တွင် မျက်စိဝေဒနာရှင် ၃၉၈ ဦးအား အခမဲ့ကုသပေး
Saturday, June 22, 2013
Friday, June 21, 2013
Wednesday, June 19, 2013
လားရှိုး အေးရှားဝေါလ်ဂိတ်အနီး ကျောက်စိမ်းများဖမ်းဆီးရမိ
ဇွန်၁၈ရက်နေ့ကလားရှိုးမြို့အေးရှားဝေါလ်ဂိတ်အနီးတွင်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ ၀င်များမှ မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်မောင်း စိုင်းအိုက်ခမ်း ဟန့်အင်ကျေးရွာ နမ့်ခမ်းမြို့နယ်နေထိုင်သူနှင့် စိုင်းရီ တို့ နှစ်ဦး စီးနင်း မောင်းနှင်လာသည့် မတ်တူး (အဖြူရောင်)အား ရှာဖွေရာ ကားနောက်ဖုံးအတွင်းမှ ကျောက်စိမ်း တုံး (၃)တုံးအား ရှာဖွေ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
Skype အား အသုံးပြုပြီး ဗီဒီယိုမက်ဆေ့ခ်ျ အခမဲ့ ပေးပို့နိုင်ပြီ
မိမိ၏ မိတ်ဆွေအပေါင်းအသင်းမိသားစုဝင်များနှင့် ဆက်သွယ်ပြောဆိုရာမှာ ပိုမိုအဆင်ပြေ လွယ်ကူစေမည့် ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့မှုစနစ်အား ယနေ့(ဇွန်လ ၁၈ ရက်နေ့) တွင် Skype မှ ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။
ယင်းကဲ့သို့ ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့နိုင်ရန်အတွက် သီးသန့် app အား အသုံးပြုရန် မလိုအပ်ပဲ မိမိ၏ စမတ်ဖုန်းတွင် ထည့်သွင်းပြီးသာ Skype App အား အသုံးပြုကာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပိုမိုထူးခြား ကောင်းမွန်သည့် အချက်ကတော့ ဤဝန်ဆောင်မှုသည် အခမဲ့ဖြစ်ရုံမက iOS ၊ Android OS ၊ Blackberry OS ၊ Windows Phone 8 OS စသည်ဖြင့် မတူကွဲပြားသည့် OS များပေါ်တွင် multi-platform အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်ဟု သိရှိရသည်။
လက်ရှိအချိန်တွင် အချိန် ၃ မိနစ်တာ ကြာမြင့်သည့် ဗီဒီယိုမက်ဆေ့ခ်ျများအား ဖန်တီးပေးပို့နိုင်မည်ဟု သိရှိရသည်။
Source : Myanmar Consumer Guide
Tuesday, June 18, 2013
Monday, June 17, 2013
မူဆယ်တရားရုံးအချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သူ တစ်ဦးအား ဖမ်းဆီးရမိ
ဇွန်လ ၄ ရက်နေ့က မူဆယ်ခရိုင်တရားရုံးအချုပ် တရားရုံးအချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော တရားခံ ၄၃ဦးမှနမ့်ခမ်းရဲစခန်းမှတရားခံအိုက်ဆမ်(ဘ)ဦးအိုက်ချစ် နမ့်ကတ်ကျေးရွာ မူဆယ်မြို့ နေသူအား ဇွန် ၁၇ ရက်နေ့က တရုတ်နိုင်ငံ ကျန်းဖုန်းမြို့နယ် ကျိန်းစန်းမြို့ မန်ဟောင်ရွာ (၂)နှင့် ၁၇ မိုင်အကွာ ချိန်ဇင်းမြို့ဟောင်းတောစပ်အနီး တောင်ယာတဲတွင် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိပြီး တရားခံအား မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့နှစ်နိုင်ငံဝင်ထွက်ပေါက်နန်းတော်ဂိတ်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Sunday, June 16, 2013
တရားမ၀င်နွားများ ဖမ်းဆီးရမိ
ဇွန်လ၁၆ရက်နေ့က နောင်ချိုရဲစခန်းနှင့်ဘန့်ဘွေးရဲစခန်းမှတာဝန်ရှိသူများမှ နောင်ချိုမြို့နယ်ကုန်းကြီးရွာမ အုပ်စုရေ၀င်ကျေးရွာအနီး၌အောင်ဇော်ဦးပင်လိန်ကျေးရွာပြင်ဦးလွင်မြို့နေသူနှင့်တစ်ရွာတည်းနေဇင်ကိုလတ် (၂)ဦးတို့ထံမှတရားမ၀င်နယ်ကျော်သယ်ဆောင်လာသည့်နွားထီး(၁၇)ကောင်ဖမ်းဆီးရမိကြောင်း နှင့်၎င်းတို့ (၂)ဦးအား အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ပုဒ်မဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
လင်မယားစကားများရာမှ လင်ဖြစ်သူက မယားဖြစ်သူအား ဓားနှင့် ခုတ်သတ်
လားရှိုးမြို့ မန်ဆူကားဝင်းအနီးလုယက်မှုဖြစ်
ဇွန်လ၁၆ရက်နေ့နံနက်၇ နာရီ ၄၅မိနစ်တွင် မန္တလေးမြို့ အောင်စစ်သည်ရပ်ကွက် အောင်စစ်သည်လမ်းနေ မခိုင်စန္ဒီမင်းသည်လားရှိုးသို့အလုပ်ကိစ္စဖြင့်လာရောက်ရာသူငယ်ချင်းဖြစ်သူမနန်းဆိုင်ဟွမ်းနှင့်လားရှိုးမြို့ ရပ်ကွက်(၈)မန်ဆူကားဝင်းဘက်သို့မုန်းစားရန်ဆိုင်ကယ်ဖြင့်ထွက်လာခဲ့ရာမန်ဆူကားဝင်းရှေ့တွင်နောက်မှ ဆိုင်ကယ် ဖြင့်ကပ်လာသူ(၂)ဦးမှပိုက်ဆံအိတ်အားလုယက်ထွက်ပြေးသွားကြောင်းသိရပါသည်။ပိုက်ဆံအိတ် အတွင်းတွင်လက်ကိုင်ဖုန်းတစ်လုံးနှင့်ငွေကျပ်တစ်သိန်းကျော်ဆုံးရှုံးခဲ့ပြီးတရာခံအားဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။
Saturday, June 15, 2013
(၁၅၀၀) တန်ဖုန်းများဖြင့် အာဆီယံနိုင်ငံများအားခေါ်ဆိုနိုင်
ပြည်သူများအလွယ်တကူဆက်သွယ်နိုင်ရန်အတွက်တန်ဖိုးနည်းဖုန်းများကိုတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တစ်လလျှင် အလုံးရေ (၃)သိန်းခွဲ အားအချိုးကျ (၁၅၀၀) နှုန်းသတ်မှတ်ကာ မဲစနစ်ဖြင့်၊ စနစ်တကျ ရောင်းချပေးခဲ့ရာ အခြေခံလူတန်းစားအနေဖြင့် ဆက်သွယ်မှု ကဏ္ဍတွင် အဆင်ပြေေ ချာမွေ့စေ
ခဲ့သည်။ (၁၅၀၀ိ/-)တန် တန်ဖိုးနည်းဖုန်းများမှာ ၈၀၀Mhz ဖုန်းအမျိုးအစားဖြစ်ပြီး မြန်မာ့စီးပွားရေး ကော်ပို
ရေးရှင်းနှင့်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်၍ ပြည်သူများ အဆင်ပြေချောမွေ့စေရန်
ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ လိုအပ်သော စက်ပစ္စည်းများ ဒေသအလိုက် တပ်ဆင်ပြီးပါက GSM နှင့် ၄၅၀ Mhzအမျိုးအစားတယ်လီဖုန်းများကိုလည်းရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။လိုအပ်ချက်များပြည့်စုံပါက မဲစနစ်ဖြင့် မဟုတ်ဘဲ လွတ်လပ်စွာဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
တရားမဝင် မှောင်ခိုတားဆီးရေး ရှမ်းပြည်နယ် အစိုးရသို့လွှဲအပ်
တရုတ်-မြန်မာ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်းများကို တားဆီးနေသည့် မူဆယ်-မန္တလေး လမ်းကြောင်းရှိ ရွေ့လျား စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းများကို ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ကုန်သွယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးညွန့်အောင်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို အခြေစိုက် ရွေ့လျား စစ်ဆေးရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ် မှောင်ခိုကုန်သွယ်မှု တားဆီးရေးအတွက် ဖွဲ့စည်းခဲ့ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီးနောက် ခုနစ်လကျော်အကြာတွင် ယင်းကဲ့သို့ လွှဲပြောင်း ပေးခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများ ဇွန်လတွင် ဆက်လက် ရောင်းချမည်
15 June 2013
၁။ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီး ဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လစဉ် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း (၃၅ဝ,ဝဝဝ)စီကို ပြည်နယ်နှင့် တိုင်းဒေသကြီး
အစိုး ရ အဖွဲ့များ၏ အစီ အစဉ်ဖြင့် ၂ဝ၁၃ ခုနှစ်၊ ဧပြီလနှင့် မေလတို့တွင် မိဘ ပြည်သူများ အလွယ် တကူ၊ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ် အသုံးပြု နိုင်ရေး အတွက် ခွဲဝေ ရောင်းချ ပေး ခဲ့ပြီး ဖြစ်ပါသည်။
၂။ ပြည်သူများ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အဆင်ေ ပြခြင်း ရှိ/မရှိကို မိုဘိုင်းလ် အိတ်ချိန်း များတွင် မှတ်သား ထားသည့်အချက်အလက်များအား တိုင်းတာစစ်ဆေးသည့်အခါ နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရောင်းချပေးထားသည့် မိုဘိုင်းလ်ဖုန်း အင်အားထက် ပိုမို သုံးစွဲနေ သည်ကို တွေ့ရှိ ရပါ သဖြင့် လိုအပ်သော စက်ပစ္စည်း များကို တိုးချဲ့ တပ်ဆင် လျက်ရှိရာ တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း စတင် တပ်ဆင် ပေးစဉ်က မိုဘိုင်းလ် BTS စခန်း ၂၈၂ ခု သာ ရှိသော်လည်း ယခုစခန်း BTS ပေါင်း ၃၄၆ ခု အထိ တပ်ဆင် ထားပြီး ဖြစ်ပါသည်။
Friday, June 14, 2013
သီပေါမြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပေးအပ်ပွဲ ပြုလုပ်
နန်းသီရိမောင်က facebook တွင်ပျံ့နှံ့နေသော သတင်းများသည် အမှားဖြစ်သည်ဟုဆို
လူမှုကွန်ရက် facebook တွင် ဇွန်လ ၃ ရက်နေ့က စတင်ပြန့်နှံ့နေသော နန်းသီရိမောင်၏ ဝတ်စား ဆင်ယင်မှုနှင့် ပတ်သက်၍ လူငယ်အဖွဲ့၏ ထုတ်ပြန်ချက်သည် ရှမ်းလူငယ်အဖွဲ့နှင့် သက်ဆိုင်မှု မရှိကြောင်း ယင်းအဖွဲ့ ဝင်ဖြစ်သော မော်ဒယ်နန်းသီရိမောင်က ပြန်လည် ဖြေရှင်း ခဲ့သည်။
အခု facebook မှာ နန်းသီရိမောင်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ရှမ်းလူငယ် အဖွဲ့က ထုတ်ပြန်ချက် အပေါ် နန်းသီရိမောင် ပြောချင်တာက။
အဲဒါက ညီမလည်း ရှမ်းလူငယ်အဖွဲ့ဝင် တစ်ယောက်ပါ။ facebook မှာ ဒါတွေတက်တာ နဲ့ပတ်သက်ပြီး ညီမအဖွဲ့ဝင် အားလုံးကို မေးပြီးပြီ သူတို့ရေးတာ မဟုတ်ဘူး၊ ညီမလေးကို
Thursday, June 13, 2013
Wednesday, June 12, 2013
လားရှိုးမြို့တွင် ပုဒ်မ ၁၄၄ အချိန် ထပ်မံလျှော့ချ
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဗုဒ္ဓမြတ်စွယ်တော် ပွားတစ်ဆူ ရန်ကုန်မြို့သို့ အပူဇော်ခံ ရောက်ရှိ
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသည့် ရတနာစီခြယ် ရွှေကျောင်းဆောင် သုံးဆောင်နှင့်ဗုဒ္ဓစွယ်တော်ပွားသုံးဆူအနက်ရန်ကုန်မြို့၌ထားရှိပူဇော်မည့်ရတနာစီခြယ် ရွှေကျောင်းဆောင်နှင့် ဗုဒ္ဓစွယ်တော်ပွားသည်ဇွန်၁၂ရက်ညနေ၄နာရီတွင်ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လှည့်လည် အပူဇော်ခံ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓစွယ်တော်ပွား သုံးဆူကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့
Tuesday, June 11, 2013
အမြွှာညီအစ်ကို ခြောက်ဘာသာ ဂုဏ်ထူး ကိုယ်စီဖြင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း နှစ်ချင်းပေါက်အောင်
11 June 2013
ဒဂုံအထက (၁) မှ အမြွှာညီအစ်ကို နှစ်ဦးစလုံးမှာ ခြောက်ဘာသာဂုဏ် ထူးကိုယ်စီဖြင့် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။
အချိန် တစ်မိနစ်သာခြားပြီး မွေး ဖွားခဲ့သူ အဆိုပါအမြွှာ ညီအစ်ကိုမှာ ၂ဝ၁၃ တက္ကသိုလ်ဝင်စာမေးပွဲကို ခုံအ မှတ် ဆဒဂ-၃၇၃ နှင့် ဆဒဂ ၃၆၅ တို့ ဖြင့် ဒဂုံ အထက(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်ဟု သိရသည်။
Monday, June 10, 2013
Subscribe to:
Posts (Atom)