21 February 2013
၂၀၁၃ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ည(၀၉၀၀)နာရီမှ (၁၂၀၀)နာရီထိ SSA ( ၀မ်ဟိုင်း)အဖွဲ့မှ တိုက်နယ်မှူး အဆင့်ရှိ စိုင်းခိုင်ဦးစီး အင်အား(၃၀)ခန့်သည် သီပေါမြို့နယ်၊ မိုးတေ၊ နားကြူ၊ နားယုတ်၊ ပန်လန်း၊ ပြိန်းဆိုင်း ကျေးရွာ(၅)ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ ပန်လန်းကျေးရွာ မြောက်ဘက်(၅)မိုင်ခန့်တွင် အစည်းအဝေး ပြုလုပ်နေစဉ် ၄င်းကျေးရွာ များတွင် ဈေးလိုက်လံရောင်းချနေသူ ကျော်စိုး အားအစည်းအဝေးပြုလုပ်သည့်နေရာတွင် မျက်နှာဖုံးစွပ် ကြိုးတုပ်ထားကြောင်းသိရပါသည်။SSA(၀မ်းဟိုင်း)အဖွဲ့မှကျော်စိုးအားမင်္သကာစိတ်ဖြင့်ဖမ်းဆီး ခေါ်ဆောင်ထား ခြင်းဖြစ်ပြီး ကျော်စိုးမှာ ယခုအချိန်ထိ ၄င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသောကြောင့် လက်ကိုင်ဖုန်းအား ဆက်သွယ်ခေါ်ဆိုရာ စက်ပိတ်ထားကြောင်း သိရပါသည်။

No comments:
Post a Comment