ဒါနန်းနှင့်ဧရာဝတီပွဲစဉ်မြင်ကွင်း
အုပ်စုပွဲစဉ်များအားဖေဖော်ဝါရီ(၂၆/၂၇)ရက်နေ့များကစတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် အင်ဒိုနီးရှားကလပ် ပါဆီဘို အသင်းအား တိုက်စစ်မှူး ကိုနေး၏ (၅၆၊၆၃၊၉၀+၂)ဟက်ထရစ်သွင်းဂိုးဖြင့်(၃-၀)ဂိုးအနိုင်ရရှိသွားခဲ့သည်။အဆိုပါပွဲစဉ်ကို ဂျပန်ကွင်းလယ် ဒိုင်အီဒါမှ တာဝန်ယူကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီးကွင်းဝင်ပရိသတ်(၉၈၅)ဦးရှိခဲ့သည်။
အင်ဒိုနီးရှား ကလပ်ပါဆီဘို အသင်းသည် အိမ်ရှင်ရန်ကုန်အသင်းအားပွဲထွက်လူစာရင်း(၁၁)ဦးနှင့် အရန် ကစား သမား (၁)ဦးသာ ပါဝင် ယှဉ်ပြိုင်ခဲ့ရခြင်
ဖြစ်ပြီးကျန်ကစားသမားအချို့မှာ ဗီဇာနောက်ကျမှုကြောင့် လိုက်ပါနိုင်ခဲ့ခြင်းမရှိပေ။ အိမ်ရှင် ရန်ကုန်အသင်းသည် ယခင်နှစ်ကAFC Cupပြိုင်ပွဲစတင်ပါဝင် ယှဉ်ပြိုင် ခဲ့ရာ နိုင်ပွဲတစ်ပွဲမျှရရှိခဲ့ခြင်း မရှိဘဲယခုနှစ် အုပ်စုအဖွင့်ပွဲစဉ်အနိုင်ရရှိခြင်းမှာ အသင်းသမိုင်းတွင်AFC Cup ပထမဆုံးနိုင်ပွဲအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီ;အုပ်စုပထမနေရာဖြင့်လည်း စတင်ဦးဆောင်ထားနိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့်ယမန်နေ့ကသုဝဏ္ဏကွင်းတွင်ပရိသတ်အကြိုက်ခြေစွမ်းပြ ကစား နိုင်ခဲ့ သော်လည်းဝါရင့်နောက်ခံလူခင်မောင်လွင်မှာဒဏ်ရာရရှိခဲ့ပြီး အချိန်အနည်းငယ် အနားယူ ရဖွယ်ရှိနေသည်။
ဖေဖော်ဝါရီ(၂၇)ရက်နေ့(ယနေ့)တွင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေမြို့ တစ်မြို့ဖြစ်သည့် ဒါနန်းမြို့သို့ သွားရောက်ကစားခဲ့ရသည့် မြန်မာကလပ် ဧရာဝတီယူနိုက်တက်အသင်းမှာ အိမ်ရှင် SHB Da Nang အသင်းကို(၂-၁)ဂိုးဖြင့်ကပ်အရေးနိမ့်သွားခဲ့ရကြောင်းသိရသည်။ ဒါနန်းအသင်းသည် 2010 AFC Cup ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားခဲ့ဖူးသည့် အသင်းဖြစ်သလိုအာရှအမြင့်ဆုံးကလပ်အသင်း ပြိုင်ပွဲ ဖြစ်သည့်အာရှချန်ပီယံလိဂ်တွင်လည်း(၂) ကြိမ်ပါဝင် ကစားခဲ့ဖူးသည့် အသင်းကောင်းတစ်သင်းဖြစ်သည်။ ထို့အပြင်
ဗွီလိဂ် ချန်ပီယံဆုကိုလည်း ၁၉၉၂၊ ၂၀၀၉၊ ၂၀၁၂ ခုနှစ်များတွင်ရရှိထားသော အသင်းဖြစ်သည်။
ဗီယက်နမ် ဂန္ထ၀င်ကစားသမား လီဟွမ်ဒက် ကိုင်တွယ်နေသည့် ဒါနန်းအသင်းသည် ဧရာဝတီအသင်းအား အာဂျင်တီးနားတိုက်စစ်မှူးမာလို (ဗွီလိဂ် ဂိုးသွင်းအများဆုံးဆု(၃)နှစ်ဆက်တိုက်ရရှိခဲ့သူ) ၏ ၅၅ မိနစ် သွင်းဂိုး နှင့်ရိုမေးနီးယားကွင်းလယ်လူဆာဘင်ဂွီအာသွင်းယူခဲ့သော (၄၃) မိနစ် သွင်းဂိုးတို့ဖြင့် အနိုင်(၃)မှတ်ရယူ ခဲ့ခြင်းဖြစ်ပြီး ဧည့်သည့်မြန်မာကလပ်အသင်းအတွက် ပွဲချိန်၈၉မိနစ်တွင် ကွင်းလယ်လူ နေလင်းထွန်းက တစ်လုံးတည်းသော ချေပဂိုးသွင်းယူပေးခဲ့သည်။ ထိုပွဲစဉ်သို့အိမ်ရှင် ပရိသတ (၁၂၂၀၀)လာရောက် ကြည့်ရှုကြောင်းAFC ကသတင်း ထုတ်ပြန်ခဲ့ရာ အုပ်စုအဖွင့်ပွဲစဉ်(၄)ပွဲတွင် အများဆုံး လာရောက်ကြည့်ရှုသော ပွဲလည်းဖြစ်ခဲ့သည်။

No comments:
Post a Comment