Sunday, February 10, 2013

KIO ဥက္ကဌ ဇောင်းဟရားနှင့် အင်ဘန်လတို့ ၂ ဦး `၀´ ဗဟိုဌာနချုပ်ပန်ဆန်းသို့ရောက်ရှိ


10 February 2013

  ၂၀၁၃၊ဖေဖ၀ါရီ ၈ ရက်နေ့တွင်KIO ဥက္ကဌဇောင်းဟရားနှင့်အင်ဘန်လတို့သည်`၀´သွေးစည်းညီညွှတ်ရေး တပ်မတော်၊ ဗဟိုဌာနချုပ်ရှိရာပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ နယ်စပ်လမ်းကြောင်းအတိုင်းရောက်ရှိလာပြီး "၀''လုံဟိုတယ်တွင် တည်းခိုလျှက်ရှိကြောင်းသိရှိရသည်။

  ၂၁၁၃၊ ဇန်န၀ါရီ ၃၁ ရက်နေ့တွင် KIOဥက္ကဌဇောင်းဟရားမှ"၀"ဥက္ကဌပေါက်ယူချမ်းထံသို့ KIA/KIOအဖွဲ့နှင့်ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီတို့ ပန်ဆန်း၌တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းခဲ့သော်လည်း KIAဒုစစ်ဦးစီးချုပ်Sဂွမ်မော်မှတရုတ်နိုင်ငံ၊တယ်ဟုန်တိုင်းဒေသအာဏာပိုင်များနှင့်ညှိနှိုင်း၍ရွှေလီမြို့၌တွေ့ဆုံ ဆွေးနွေးခဲ့သည်။

  ရွှေလီ၌တွေဆုံဆွေးနွေးရာတွင်လည်းEBOမှ ဟန်ညောင်ဝေနှင့်ဗစ်တာတို့သည်အနောက်နိုင်ငံတွင် အခြေချနေထိုင်ပြိးအမေရိကန်အစိုးရ၏သြဇာခံများဖြစ်သဖြင့်အစည်းအဝေး၌မတက်ရောက်စေရန်တရုတ် နိုင်ငံ၊တယ်ဟုန်တိုင်းဒေသ အာဏာပိုင်များသည် Sဂွမ်းမော်မှတဆင့် ကန်ကွက်ခဲ့ပြီး ဦးအောင်မင်းမှ EBOကိုယ်စားလှယ်မဟုတ်ဘဲပုဂ္ဂိုလ်ရေးအရတက်ရောက်ခြင်းဖြစ်သည်ဟုညှိနှိုင်းခဲ့သဖြင့်သဘောတူခဲ့ခြင်း ဖြစ်သည်။

   KIO ဥက္ကဌဇောင်းဟရားနှင့်KIAဒုစစ်ဦးစီးချုပ် S ဂွမ်မော်တိုအကြားငြိမ်းချမ်းရေးဆွေးနွေးရန်နေရာရွေးချယ် မှုနှင့်ပက်သက်၍သဘောထားကွဲလွဲမှုများရှိခဲ့ပြီးတရုတ်အစိုးရအနေဖြင့်မြန်မာနိုင်ငံရေးတွင်အမေရိကန်အစိုးရမှ ၀င်ရောက်စွက်ဖက်လာမည်ကိုစိုးရိမ်သဖြင့်ဟန်ညောင်ဝေနှင့်ဗစ်တာတို့ကိုအစည်းအဝေးသို့မတက် ရောက်ရန်ကန့်ကွက်ခိုင်းခြင်းဖြစ်သည်ဟုသိရှိရသည်။

No comments:

Post a Comment