19 February 2013
၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်(၄)နာရီ ခွဲအချိန်ခန့်တွင် လားရှိုးမူးယစ်အထူးအဖွဲ့မှ ဒုရဲအုပ် ဇော်မျိုးထွန်း ဦးစီး
တပ်ဖွဲ့ဝင်များသည် လားရှိုးမီးရထား ရဲတပ်ဖွဲ့မှ တပ်စုမှူး ဒုရဲအုပ် ကျော်သူမြင့် ဦးစီး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သက်သေများနှင့် အတူ
အမှတ်(၁၃၂)လားရှိုး-မန္တလေး အစုန်လူစီးရထား ထွက်ခွာခြင်းမပြုမီ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများရှာဖွေစစ်ဆေးရာ အထက်တန်းတွဲထိုင်ခုံအမှတ်(A-5)တွင်ထိုင်နေသည့်ခရီးသည်မဇောင်းဂန်း၏ ခရီးဆောင်လက်ဆွဲအိတ်အတွင်းမှတရုတ်စာတန်းပါ ခေါက်ဆွဲ
ခြောက် ဖာအတွင်း ရောင်စုံပလပ်စတစ်ဆပ်ပြာခွက် (၁)ခွက်လျင်ဘိန်းဖြူအလေးချိန်(၁၂)ဂရမ်ခန့်စီပါ(၁၉)ခွက်
ခြောက် ဖာအတွင်း ရောင်စုံပလပ်စတစ်ဆပ်ပြာခွက် (၁)ခွက်လျင်ဘိန်းဖြူအလေးချိန်(၁၂)ဂရမ်ခန့်စီပါ(၁၉)ခွက်
အလေးချိန်(၂၂၈)ဂရမ်၊BODIတံဆိပ်ပါချောကလက်(၃)ဗူး၏ တစ်ဗူးစီအတွင်း ဆပ်ပြာခွက်(၁)ခွက်လျင် ဘိန်းဖြူ(၁၂)ဂရမ်ပါ (၂)ခွက်စီ ထည့်လျက် ဆပ်ပြာခွက်(၆)ခွက် အတွင်းမှ
ဘိန်းဖြူ(၇၂)ဂရမ်၊ FUDO တံဆိပ်ပါ ကိတ်မုန့်ဗူး(၂)ဗူး၏ တစ်ဗူးစီအတွင်း ဆပ်ပြာခွက်(၁)ခွက်လျင် ဘိန်းဖြူ(၁၂)ဂရမ်ပါ (၇)ခွက်စီ ထည့်လျက်
ဆပ်ပြာခွက်(၁၄)ခွက်အတွင်းမှ ဘိန်းဖြူ (၁၆၈)ဂရမ်၊ ဘိန်းဖြူ ဆပ်ပြာခွက်စုစုပေါင်း (၃၉)ခွက် စုစုပေါင်း ဘိန်ဖြူမှုန့်အလေးချိန်
(၄၆၈)ဂရမ် (တန်ဖိုး ဘိန်းဖြူ ၁ ဂရမ်လျင် ၁၉၀၀၀ိ/-နှုန်းဖြင့် ၈၈ သိန်း ၉ သောင်း ၂ ထောင်)အား တွေ့ရှိသဖြင့် ဒုရဲအုပ် ကျော်သူမြင့်မှ ရှာဖွေပုံစံ ရေးသွင်း
သိမ်းဆည်းခဲ့ကြောင်း သိရသည်။
No comments:
Post a Comment