Sunday, February 10, 2013

ငြိမ်းချမ်းပါစေရှမ်းမြောက်မြေ

10 February 2013

  နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အတွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက်KIO/KIA အပါအ၀င် တိုင်းရင်းသားပြည်သူအားလုံးနှင့်လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း၊ ဆန္ဒသဘောထားများဖော်ပြထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 

  ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOဆွေးနွေးရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ်၊ဖေဖော်ဝါရီ ၄ ရက်နေ့ ၀၉၀၀ ချိန်တွင်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ယူနန်ပြည်နယ်၊ရွှေလီမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။

     ထိုကဲ့သို့ငြိမ်းချမ်းရေးသဘောတူ ဆွေးနွေးချက်များအားအခြေခံ၍လည်းကောင်း၊ နိုင်ငံတော်အစိုးရမှထုတ်ပြန်  ကြေငြာချက်များအရလည်းကောင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်တပ်မတော်မှ စစ်ရေးအရှိန်များလျော့ပါးလာပြီး၊နယ်မြေအတွင်းထိတွေ့မှုတိုက်ပွဲဖြစ်စဉ်များအချိန်လျော့ကျလာပြီ ဖြစ်ပါသည်။

  သို့ဖြစ်ပါ၍ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးမှ ``ငြိမ်းချမ်းပါစေ ရှမ်းမြောက်မြေ´´ဟု ဆန္ဒပြုလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment