Tuesday, February 26, 2013

မာလကာသီး စားသုံးခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ


26 February 2013


မာလကာသီး တစ်လုံးတွင် ရှိသော ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။    မာလကာသီး၌    ဗီတာမင်စီ အပြင်  အေနှင့် ဘီ၊  ကယ်လ်ဆီယမ်၊  ဖော့စပရပ်စ်၊ ပိုတက် ဆီယမ်၊သံဓာတ်၊ဖောလစ်အက်စစ်နှင့်အမျှင်ဓာတ်တို့ပါဝင်သည်။ အများဆုံးပါဝင်သောဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။

          မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုးကျဆင်းစေပြီး နှလုံး
ကျန်းမာရေးကိုအထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။ မာလကာသီး     ပုံမှန်စားသုံးသူများကို       လေ့လာခဲ့ရာ     နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး      သွေးနှင့် ပတ်သက်သော  ရောဂါများလည်း အဖြစ်နည်းကြောင်း သိရှိရပါသည်။

No comments:

Post a Comment