Friday, February 22, 2013

အင်ဘူးကောင်းရွာအနီးတွင် KIA မှ မိုင်းထောင်

23 February 2013



      ဆဒုံးမြို့နယ် အင်ဘူးကောင်းရွာအနီးတွင် KIA တပ်ဖွဲ့ဝင်များမှ မိုင်းများထောင်ထား ကြောင်းသိရှိ ရပါသည်။  ရွာနီးပတ်ဝန်းကျင်တွင်ရွာသားများကအသီးအရွက်ရှာခြင်း၊ ထင်းရှာခြင်းများရှိနေသည့် အတွက် အခုလိုမိုင်းထောင်ထားတာဟာ ရွာသားများအတွက် အခက်အခဲများစွာ ဖြစ်နေကြာင်း သိရှိရပါသည်။

 KIA က အစိုးရတပ်တွေကို ထောင်းထားသည်ဆိုသော်လည်း ၎င်းတို့ မိုင်းထောင်ထားသည့် နေရာများမှာ အစိုးရတပ်တွေလာနိုင်သောနေရာတွေမဟုတ်ဘဲရွာသားများသာ အသုံးပြုနေသည့် နေရာဖြစ်သောကြောင့်
ရွာသားများအတွက်များစွာစိုးရိမ်ရကြောင်းရွာခံတစ်ဦး၏ဖွင့်ပာ ပြောပြချက်အရသိရှိရသည်။

     ကချင်ပြည်နယ်အတွင်းတွင် KIA ၏မိုင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသည့်သူများမှ ၂နှစ် အတွင်းတွင်ရာဂဏန်းချီရှိနေပြီး အစိုးရတပ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နေသည်ဟု ကြားသိရသော်လည်း အခုလို့ KIA ကမိုင်းတွေပြန်ထောင်နေတာဟာ စစ်ကိုဘဲ ဆက်လက်တိုက်ဖို့ လိုလားနေသည့် သဘောမျိုး သက်ရောက်ပြီး အခုလို KIA က မိုင်းများ ထောင်ထားသောကြောင့် ရွာသားများအတွက် သွားလာရေးများစွာ အခက်အခဲဖြစ်စေနိုင်သည်ဟု ဆဒုံးဒေသခံများက ဖွင့်ဟပြောဆို  နေကြကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment