Monday, February 18, 2013

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များအတွက်ဟု အကြောင်းပြကာ KIA သောင်းကျန်းသူအဖွဲ့ ရွာသားများထံတွင် ပိုက်ဆံကောက်ခံခဲ့။

18 February 2013

 

  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်တွင် မဘိမ်းမြို့နယ်၏ အရှေ့ ဘက်(၉)မိုင်ခန့်အကွာ၊ လ၀ါကျေးရွာသို့ KIA သောင်းကျန်းသူအဖွဲ့ တပ်ရင်း(၁၂)မှ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးလတွဲခေါင်းဆောင်သောအဖွဲ့ဝင် ၂၀ ဦးခန့်ရောက်ရှိလာပြီး ကချင်ပြည်နယ်စစ်ဘေး ဒုက္ခသည်များအတွက်ဟု အကြောင်းပြကာ လ၀ါကျေးရွာမှ ငွေကျပ်(၃၅)သိန်း ကောက်ခံခဲ့ကြောင်း သိရသည်။ 
   
   အဆိုပါ KIA  သောင်းကျန်းသူအဖွဲ့သည် အင်အား (၆၀) ဦးခန့်ရှိပြီး မဘိမ်းမြို့နယ်အတွင်းရှိ လ၀ါ၊  ပင်ကြိမ်၊
စီပိန်း၊တုံကွာ၊နမ့်ဟွန်ကျေးရွာများတွင်အခြေပြုလျက်ရှိပြီး ရွာသားများထံမှ အကြောင်းအမျိုးမျိုးပြကာပိုက်ဆံ
တောင်းခြင်း၊ ၄င်းတို့အဖွဲ့အတွက် တပ်သားသစ်တောင်းခံခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment