Saturday, February 16, 2013

(၆၈) နှစ်မြောက် တပ်မတော် နေ့ အထိမ်း အမှတ် အကြိမ် (၂ဝ) မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ကျင်းပ

16 February 2013


 နေပြည်တော် ဖေဖော်ဝါရီ ၁၅

၂ဝ၁၃ ခုနှစ်၊ (၆၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ် (၂ဝ) မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲနှင့် ညနေ ၄ နာရီ တို့တွင် နေပြည်တော်ရှိ တည်းခိုရေး စခန်း (ရွာတော်) ၌ ကျင်းပ ခဲ့ပါသည်။ ထိုသို့ ကျင်းပရာ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်တီးဝိုင်း၊ စစ်တက္ကသိုလ် စစ်တီးဝိုင်း၊ အမှတ်(၁၁) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းနှင့်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုစစ်တီးဝိုင်းတပ်ခွဲ(၁)အသင်းတို့က
လည်းကောင်း၊ ညနေပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်တီးဝိုင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တို့က လည်းကောင်း အသီးသီး ယှဉ်ပြိုင် ခဲ့ကြကြောင်း သတင်း ရရှိသည်။
From :Myawady

No comments:

Post a Comment