Wednesday, February 20, 2013

SSA(၀မ်ဟိုင်း)အဖွဲ့၏တရားဥပဒေမဲ့လုပ်ရပ်များကြောင့် ပြည်သူလူထုအထိတ်တလန့်ဖြစ်မှုများအား တပ်မတော်မှကာကွယ်

20 February 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် SSA(၀မ်ဟိုင်း)အဖွဲ့မှ ဒုမြို့နယ်မှူးအဆင့်ရှိသူ လက်မှတ်ရေးထိုးထားသည့် SSA တပ်မဟာ(၁) တံဆိပ်တုံးပါ ရှမ်းဘာသာဖြင့် ရေးသားထားသော ဆက်ကြေးတောင်းခံစာတစ်စောင်အား နမ္မတူမြို့ ၊ငွေရတနာမန်းကားဂိတ်သို့ ပေးပို့ခဲ့ပါသည်။

အဆိုပါစာပါအကြောင်းအရာမှာ "နမ္မတူမြို့၊ငွေရတနာမန်းကားဂိတ်(၃)ခုအနေဖြင့် ၂၀၁၃ ခုနှစ်တွင် မှန်လုံ(ကားကြီး) ၁၀၀၀၀၀ ကျပ်နှုန်း၊ မှန်လုံ(ကားလတ်) ၇၀၀၀၀ ကျပ်နှုန်း၊ မှန်လုံ(ကားသေး) ၅၀၀၀၀ ကျပ်နှုန်းအား ဂိတ်မှူးမှ ကောက်ခံ၍ နမ္မတူမြို့၊နားကွန်ရွာသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၀၉၀၀ နာရီအရောက် ပေးပို့ရန် " ဟုပါရှိကြောင်း၊၄င်းဆက်ကြေးတောင်ခံစားအား အောက်တွင် ဖော်ပြအပ်ပါသည်။







ထိုကဲ့သို့  SSA(၀မ်ဟိုင်း) အဖွဲ့၏  နယ်မြေအတွင်းယခုလို  ဆက်ကြေးတောင်းစာများပေးပို့၍ ဆက်ကြေးကောက်ခံသည့် ဖြစ်စဉ်အား နောင်ချိုမြို့နယ်၊ လောင်ဖန်းဘိလပ်မြေစက်ရုံမှူးများအား ဖမ်းဆီးပြန်ပေးဆွဲငွေတောင်းခံသည့်ဖြစ်စဉ်များ၊သီပေါမြို့နယ်၊မိုးတေ၊နားကြူ၊နားယုတ်၊ပန်လန်း၊ပြိန်းဆိုင် ကျေးရွာများတွင်လူသစ်စုဆောင်းသည့်ဖြစ်စဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

ထိုကဲ့သို့တရားဥပဒေမဲ့လုပ်ရပ်များသည် အများပြည်သူလူထုအား အထိတ်တလန့် ဖြစ်လျက်ရှိသောကြောင့် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်း၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment