23 February 2013
ပျားရည်ကိုရှေးနှစ်ပေါင်း ၂၅၀၀ ကျော်ကပင် လူသားတို့ သုံးစွဲခဲ့ကြပြီးဆေးဖက်ဝင် အသက်ရှည်ဆေးအဖြစ် သုံးစွဲခဲ့ကြသည်။ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်ကပင်နာမကျန်းသူ၊အသက်ဝါကြီးသူ၊ရဟန်းတော်များကို အားဆေးအဖြစ် “စတုမဓူ” ဖော်စပ် သုံးစွဲခဲ့ကြသည်။ ထိုစတုမဓူတွင် ပျားရည်၊ သကာရည်၊ တင်လဲရည်နှင့်ထောပတ်တို့ပါဝင်သည်။ အချို့ကလည်းတင်လဲရည် အစားနှမ်းဆီထည့်ပြီးဖော်စပ်သုံးစွဲ ခဲ့ကြသည်။ ပျားရည်သည်အနာကျက်စေနိုင်သောသတ္တိရှိသဖြင့် ဒဏ်ရာများကိုပျားရည်ထည့်ပြီး ပတ်တီး စည်းပေးပါကနောက်တစ်နေ့နံနက်ပတ်တီးဖြည်လိုက်သောအခါအနာကျက်နေကြောင်း တွေ့ရသည်။
ရှေးနှစ်ပေါင်း ၁၀၀ ကျော်က သက္ကတဘာသာဖြင့် ရေးသားခဲ့သော “ဘေသဇ္ဇ မဉ္ဇူသာ” ဆးကျမ်းကြီးကို ဘင်္ဂလားဆရာတော်ကြီးမှဘာသာပြန်ဆိုခဲ့သည်။ထိုဆေးကျမ်းတွင်ပျားရည် အသုံးဝင်ပုံအမျိုးမျိုးပါရှိရာ ထူးခြားသောသုံးနည်းတစ်မျိုးမှာပိန်ဆေးအဖြစ်သုံးစွဲခြင်းဖြစ်သည်။
ပျားရည်ကိုနံနက်အိပ်ယာထချိန်တွင်ရေအေးဖြင့်ရောစပ်သောက်ခြင်းဖြင့်ပိန်သောခန္ဓာကိုယ် ဖြစ်စေနိုင် သည်ဟုဆိုသည်။ နှစ်လ၊ သုံးလစွဲမြဲ၍ သောက်ဖို့တော့ လိုမည်ဖြစ်ပါသည်။ လူနာ၁၀ဦးကိုဤနည်းဖြင့် စမ်းသပ်သောက်စေခဲ့ရာ ကိုလက်စထရော ထိုက်သင့်သလောက်ကျသည့် အပြင် ပိန်သော အသား အရေကို စစ်သွားစေသည်။
ထို့အပြင်အသားအရည်သည်လည်းလှပစိုပြည် လာသည်ကိုတွေ့ရသည်။ လူနာတစ်ဦးသည် အဆီကျ ပိန်ချင်ဇောဖြင့်နံနက်အိပ်ယာထတိုင်းပျားရည်သုံးဇွန်းကိုရေအေးဖြင့် ရော၍ သောက်စေခဲ့ရာ ရက်သတ္တပတ် ခန့်အကြာတွင် မိတ်ကဲ့သို့အပူဖုများ တစ်ကိုယ်လုံးထွက်လာသဖြင့် ဆက်မသောက်ရဲဖြစ်ခဲ့ ရသည်။ သတိပြုရန်မှာတန်ဆေးလွန်ဘေးဖြစ်သည်။ နည်းလမ်းအမှန်မှာနံနက်အိပ်ယာထချိန် မျက်နှာသစ်၊ သွားတိုက်ပြီးသည်နှင့်ပျားရည်ကိုဟင်းစားဇွန်းဖြင့် တစ်ဇွန်းမျှကိုရေတစ်ဖန်ခွက်တွင်ထည့်၍ ပျော်ဝင်အောင် ဇွန်းဖြင့် မွှေဖျော်စပ်ပြီး ကုန်အောင်သောက်ရန် ဖြစ်သည်။ ပျားရည်သည် အပူဓာတ်၊ ကြေညက်စေသော ဓာတ်ဖြစ်သဖြင့်များများမသောက်သင့်ပါ။
အဆီကျပိန်စေရန်အတွက်သဘာဝပျားရည်ကပို၍ အာနိသင်ရှိပါသည်။ နှစ်သစ်ပျားရည်ဖြစ်လျှင်ပို၍ အဆီကျစေနိုင်သည်။ တန်ဖိုးကြီးပြီးဘေးထွက်ဆိုးကျိုး ရှိသောအနောက်တိုင်းဆေးများနေရာတွင် အစားထိုးသုံးစွဲခြင်းဖြင့် ငွေကုန်ကြေးကျ မများစေဘဲအဆီကျ ပိန်စေနိုင်ကြောင်းရေးသားလိုက်ရပေသည်။

No comments:
Post a Comment