ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရာတွင် စင်ကာပူ ကုမ္ပဏီမှ သမိုင်းဝင် ပစ္စည်း ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံသား၊ ဗြိတိန်လူမျိုး ကပ္ပတိန် မိုက်ကယ် မိုက်ဟယ်ဂျာကို ငှားရမ်း သွားမည်ဟု စင်ကာပူ ကုမ္ပဏီမှ CEO က အဆိုပါ အလုပ်ရုံ ဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။စင်ကာပူ ကုမ္ပဏီမှ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံရှိ သမိုင်းသုတေသနသို့ ထပ်မံ ဆက်သွယ်မှု မရှိသေးကြောင်း၊ ငွေကြေးပိုင်းဆိုင်ရာ
စုဆောင်း နေသည့် အနေအထား ရှိကြောင်း အဆိုပါ ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။ဓမ္မစေတီ ခေါင်းလောင်းရှာဖွေရာ၌ရေအောက်နစ်မြုပ်ပစ္စည်းများ အားအချက်ပြနိုင်သည့် လေယောဉ်ပျံများ လွှတ်ကာေ လယာဉ်မှအချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွားမည်ဟု ဆရာ ချစ်စံဝင်းက ထပ်လောင်း ပြောပါသည်။
ဓမ္မစေတီ ခေါင်းလောင်းသည် တန်ချိန်ပေါင်း ၂၉ဝ ရှိပြီး နှစ်ပေါင်း ၅၂ဝ ကျော် ကြာမြင့်ပြီ ဖြစ်သည်။ အဆိုပါ ခေါင်းလောင်းကို ငဇင်ကာက ရွှေတိဂုံ စေတီတော် ရင်ပြင်မှ သန်လျင်သို့ သယ်ယူစဉ် ငမိုးရိပ်ချောင်း အဝ ပန်းအလွဲမြစ် ထဲသို့ ပြုတ်ကျ နစ်မြုပ်ခဲ့ခြင်း ဖြစ် သည်။
No comments:
Post a Comment