ပန်းသီးတွင် အဆုတ်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များကို ကာကွယ်တိုက်ဖျက်ရာတွင် အထောက်အကူပြုသည့် သဘာဝဓာတ် ပစ္စည်းတစ်ခုဖြစ်သော Quercetin ပါဝင် သည်။ ထို့အတူ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များအား ရောဂါပိုးများက တိုက် ခိုက်ခြင်းမှ အကာအကွယ်ပေးသည့် Antioxidant များစွာ ပါဝင်လျက်ရှိ သည်။
အချုပ်အားဖြင့် ဆေးလိပ်သောက် ခြင်းမှရှောင်ကြဉ်ခြင်း ၊Antioxidant များ ကြွယ်ဝသည့်
ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ စားသုံးပေးခြင်း၊ အနီရောင်ရှိသည့် အသားများကို စားသုံးခြင်းကို လျှော့ချခြင်း၊ အရက်ကိုအကန့်အသတ်ဖြင့် သောက်သုံးခြင်း ၊လေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု များကို မှန်မှန်လုပ်ခြင်းစသည့် လုပ် ဆောင်ချက်များသည် ကင်ဆာရောဂါ ကို ကာကွယ်ရာတွင် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း ပညာရှင်များ၏ ပြောကြားချက်များကို ကိုးကား၍ ရေးသားဖော်ပြလိုက်ရပေသည်။
No comments:
Post a Comment