Thursday, February 28, 2013

မုံးကိုးမြို့ မန်ဂျယ်တံတားအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် အပြစ်မဲ့ ကလေးငယ် (၆)ဦး ဒဏ်ရာရ


28 February 2013





       ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် မုံးကိုးမြို့ ၊ ရပ်ကွက်(၇)၊ မန်ဂျယ်တံတားအနီး စိုက်ပျိုးရေးရုံးညာဘက် ချောင်းစပ်လူသွားလမ်းတွင် (၁၀၃၀)နာရီတွင် (၁)ကြိမ်၊ (၁၁၁၅)နာရီတွင် (၁)ကြိမ် ဗုံးပေါက်ကွဲသံကြားရသဖြင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုရာ ဗုံးပေါက်ကွဲမှုကြောင့် ချောင်းစပ်သို့ ကစားရန်ဆင်းလာသော မာချိုထက်(ကျား) လီးဆူး/ခရစ်ယာန် ၊ နောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ (၁)ချက်၊ ၀ဲလက်ဖျံ ပေါက်ပြဲ (၁)ချက်၊ လည်ဂုတ်အနီး ပွန်းပဲ့ဒဏ်ရာ (၁)ချက်၊ ဟန်ကျုံး (ကျား) တရုတ်/နတ် ၀ဲတင်ပါး(၁)ချက်၊ ယာတင်ပါး ပေါက်ပြဲဒဏ်ရာ (၁)ချက် ၊ ယန်ပိန်ကွတ် တရုတ်/နတ်ဝဲလက်ဖျံ ပေါက်ပြဲဒဏ်ရာ(၁)ချက် ၊ ရှိကျားချိန်(ကျား) ယာာဗိုက်ပွန်းပဲ့ဒဏ်ရာ(၁)ချက် ၊ ယောက်ကျူးချိန် (ကျား) တရုတ်/နတ်ယာလက်ဖျံပေါက်ပြဲ(၁)ချက်၊ ယာခြေကျင်းဝတ် ပေါက်ပြဲဒဏ်ရာ(၁) ရရှိသည့် ကလေးငယ်(၅)ဦးသည် မုံးကိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ယမ်ပိန်အမ်း (ကျား) တရုတ်/နတ် နောက်စေ့ မိုင်းစထိမှန် (၁)ချက် ၊ ဘယ်ခါး မိုင်းစထိမှန် (၁)ချက်၊ ၀ဲခြေသားလုံး မိုင်းစထိမှန် (၁)ချက် ဖြင့် စိုးရိမ်ရ၍ မန်စီဆေးရုံ၊ မန်စီမြို့ တရုတ်နိုင်ငံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

No comments:

Post a Comment