25 February 2013
အဆိုပါ ထီးတော်တင်မင်္ဂလာအခမ်းအနားသို့ သီပေါမြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော် ဘဒ္ဒ န္တမိလိန္ဒ ၊ အကျိုးဆောင်ဆရာတော် ဦးဥာဏ်ဏော ဘာသနှင့် ပင့်သံဃာများ၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံဆိုင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ ၊ ဒုရဲမှူးကြီး မိုးမောင်သန်း၊ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းနှင့် ပါတီဝင်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဘော်ကြို ဘုရား ဂေါပက ဥက္ကဌ ဦးအောင်ခင်နှင့် အဖွဲ့ ၀င်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ စုစုပေါင်း အင်အား (၅၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။
အခမ်းအနားအား `` နမောတဿ´´(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခြင်း၊ ပရိတ်သတ်များမှ ကိုးပါးသီလခံယူဆောက်တည်စေခြင်း၊ ပရိတ်တရားတော် နာကြားခြင်း၊ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်သဲနှင့် ပရိတ်ချည် တို့ဖြင့် စေတီတော် ရင်ပြင်တွင် ဖြန်းပက်ချည်နှောင်ခြင်း၊ စေတီတော်တွင် တင်လှူမည့် စိန်ဖူးတော် ငှက်မြတ်နားတော်တို့နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို စေတီတော်အား ရည်မှန်း၍ ဆရာတော်ကြီးများထံ ဆက်ကပ်ခြင်း၊ လှူဒါန်းခြင်း တို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီး၏ ရတနာ စိန်ဖူးတော်၊ ငှက်မြတ် နား တော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်များကို ပင့်ဆောင်၍ လက်ယာရစ် လှည့်ပတ် အပူဇော်ခံခြင်း၊ အမွေးနံ့သာရည်များ ပက်ဖြန်းပူဇော်ပြီး မင်္ဂလာ ရ ထားပျံဖြင့် စေတီတော်အထွဋ်သို့တင်လှူခြင်းများ ဆောင်ရွက်ခြင်း၊ ဆရာတော် သံဃာတော်များထံမှ `` ဇယန္တောဗောဓိယာမူလေ´´ အစချီသော အောင်ဂါထာ များဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ ဌာနဆိုင်ရာအကြီးအကဲများမှ ``ဗုဒ္ဒသာသနံ စိရံတိဌတူ´´ (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ထီးတော်တင်အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ပြီး ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး စေခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment