25 February 2013

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် (၁၀၁၅)နာရီမှ နေ့လည်(၀၂၃၀)နာရီထိ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ယုံမောကျေးရွာအုပ်စု၊ ယုံမောကျေးရွာတောင်ဘက်ရှိ ဘိန်းပင်အရွယ် (၃)ပေခွဲ့ခန့်ရှိ (၇)ဧကအား မုံစီးရဲစခန်းမှ ရဲအရာရှိဦးစီး (၁၉) ဦးဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယင်းနေ့ (၁၁၀၀)နာရီမှ နေ့လည် (၀၃၄၀)နာရီထိ ကောင်းလိန်ကျေးရွာအုပ်စု မန်လုံကျေးရွာတောင်ဘက်ရှိ ဘိန်းပင်အရွယ် (၁)ပေခွဲခန့် ရှိ (၃)ဧကခန့်နှင့် ဟိုမောဟိုပုံကျေးရွာအုပ်စု လောက်ကြိုင်ကျေးရွာ အနောက်ဘက်ရှိ ဘိန်းပင်အရွယ် (၁)ပေခွဲခန့်အား နမ့်ဖက်ကာ ရဲစခန်းမှ ရဲအရာရှိဦးစီး ၍ ဌာနဆိုင်ရာနှင့် ပြည်သူများပူးပေါင်း ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment