22 February 2013
၂၀၁၃ခုနှစ်ဖေဖော်ဝါရီလ၁၄ရက်နေ့နေ့လည်၂နာရီခန့်တွင်မဘိမ်းသစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ
ဖြစ်သည့် ဦးအောင်တင်ဦးနှင့် တောခေါင်းဦးခင်မောင်ဝင်း ငါးအိုးရွာနေသူတို့သည်နမ့်မင်း၊နမ့်ပါ ကြိုးဝိုင်းများအတွင်း ကျူးကျော်စာရင်းများ ကောက်ယူခြင်းဆောင်ရွက်နေစဉ် KIAတပ်ရင်း(၁၂/၂၇)မှအင်အား (၃၀)ခန့်သည် လက်နက်များကိုယ်စီ ကိုင်ဆောင် ရောက်ရှိလာပြီး ၄င်းတို့(၂)ဦးအား နမ့်ပါချောင်းအနီး ဈေးဆိုင် တစ်ဆိုင်သို့ ခေါ်ဆောင်သွားကာ `` ငါတို့ KIA လှုပ်ရှားမှုကို လာချောင်းတာလားဟု´´ အကြိမ်ကြိမ် စွပ်စွဲပြောဆိုမေးမြန်းခဲ့သည်။

၎င်းနောက် KIA ခေါင်းဆောင်ဖြစ်သူမှ အဆိုပါ ၀န်ထမ်း(၂)ဦးအား တုန်ဖုန်း(၄)လုံးထိုး ယာဉ်ပေါ်တွင် ကြိုးဖြင့် ချည်နှောင် ခေါ်ဆောင်လာစဉ် နမ့်ဟန်ရွာအကျော်တွင် ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် KIA မှ ပစ်ခတ်ခဲ့ရာဦးအောင်တင်ဦး၏ ဘယ်ဘက်လက်ကောက်ဝတ်၊ ယာပေါင်၊ ၀ဲပေါင်တို့ရှပ်ထိဒဏ်ရာရရှိ ဖမ်းဆီးခံရပြီးဦးခင်မောင်ဝင်းမှာထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိပါသည်။ ဖမ်းဆီးခံရသူ ဦးအောင်တင်ဦးအား စီပိန်းရွာဘက်သို့ ခေါ်ဆောင်သွားကြောင်းသိရသည်။
ဖမ်းဆီးခံရသူ ဦးအောင်တင်ဦးအား KIA အဖွဲ့မှဖေဖော်ဝါရီလ(၁၇)ရက်နေ့နံနက်(၁၀) နာရီအချိန်ခန့်တွင် ပြန်လည်လွတ်ပေးကြောင်းသိရသည်။ ယခု ဦးအောင်တင်ဦးမှာရရှိဒဏ်ရာဖြင့် ငါးအိုးဆေးရုံမှတဆင့် ကသာဆေးရုံသို့ တက်ရောက်ကုသနေကြောင်း သိရသည်။
KIA အဖွဲ့ထံမှ ထွက်ပြေးလွတ်မြောက်သွားသော ဦးခင်မောင်ဝင်းသည် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ည(၁၁၀၀)ချိန်တွင် မဘိန်းမြို့နယ် သစ်တောဦးစီးဌာန ရုံးသို့ ကောင်းမွန်စွာပြန်လည်ရောက်ရှိကြောင်း သိရသည်။

No comments:
Post a Comment