19 February 2013
Written by အာကြီး
Written by အာကြီး
ကင်ဆာရောဂါဖြင့် သေဆုံးမှုများ အားလုံး၏ လေးရာခိုင်နှုန်းသည် အရက်ကြောင့်ဖြစ်ပြီး ၎င်းအရက်သည် သောက်သုံးသူများကို သိသိသာသာ ဒုက္ခပေးသော်လည်း ထင်ရှားသော လက္ခဏာ ပြ သခြင်းမျိုး မရှိ ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ ဆရာဝန်များ၏ လေ့လာမှုအရ
From: Myawady
တားဆီးနိုင်သော အန္တရာယ်ရှိသည့် အကြောင်းအရာများကို တွေ့ရှိရပြီး ထိုအချက် ကို ပြည်သူများသိရှိမှု နည်းပါးကြောင်း သိရှိ ရသည်။ အမေရိကန် နိုင်ငံတွင် နှစ်စဉ် အရက်ကြောင့် ကင်ဆာရော ဂါဖြင့် သေဆုံးသူ ၂၀၀၀၀ ခန့် ရှိပြီး နိုင်ငံအတွင်းရှိ သေဆုံးသူ စုစုပေါင်း၏ ခန့်မှန်းခြေ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း အမေရိကန် သုတေသီ များက ရှာဖွေ တွေ့ရှိခဲ့ကြသည်။ လေ့လာမှုအရ ရင်သား ကင်ဆာနှင့် အရက်သောက်သုံးသော အမျိုးသမီး တို့ အများဆုံး ဆက်နွယ်မှု ရှိသော ရောဂါပုံစံ ကိုလည်း ရှာဖွေတွေ့ရှိ ခဲ့သည်။ အမေရိကန် နိုင်ငံတွင် နှစ်စဉ် ခန့်မှန်းခြေ အားဖြင့် လူပေါင်း ၆၀၀၀ ၏ သေဆုံးမှုသည် အရက်သောက်ခြင်းနှင့် ဆက်နွယ်မှုရှိသော ရင်သား ကင်ဆာကြောင့်ဖြစ်ပြီး ကင်ဆာကြောင့်ဖြင့် သေဆုံးမှု အားလုံး၏ ၁၅ ရာခိုင်နှုန်း ခန့်ရှိကြောင်း ဘော့စတွန် တက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဌာန၏ ဌာနခွဲ တစ်ခုက
ပြောကြားထားသည်။
ပြောကြားထားသည်။
ပါးစပ်၊ လည်ချောင်းနှင့် အစာပြွန် ကင်ဆာရောဂါ များမှာမူ အရက်သောက်သော အမျိုးသားများအား အများဆုံး သေဆုံးစေသော ရောဂါများဖြစ်သည်။ မိမိတို့ အနေဖြင့် အရက်သောက်သုံးမှု ပမာဏကို လျှော့ခြခြင်းနှင့် ကင်ဆာရောဂါ တိုးမြှင့်ဖြစ်ပေါ်စေမှု အန္တရာယ် လျော့ပါးသွားခြင်းသည် ဆက်စပ်မှု ရှိသည် ကိုလည်း တွေ့ရှိပြီး ဖြစ်သည်။ အရက်သောက်သုံးခြင်းသည် အသည်း၊ ပါးစပ်၊ လည်ချောင်းနှင့် အစာပြွန် အစရှိသည့် ကင်ဆာရောဂါများ ဖြစ်ပွားစေရာတွင် သိသာထင်ရှားသော အချက်အလက်ဖြစ်သည်ကို ယခင် လေ့လာမှုများ၌ အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထို့ပြင် မကြာသေးမီက သုတေသန ပြုချက်၌ အရက်သည် အူမကြီး ကင်ဆာနှင့် စအိုလမ်းကြောင်း ကင်ဆာတို့ကို ပိုမို ဖြစ်ပေါ်စေကြောင်း ဖော်ပြထား သည်။ အရက်သောက်သုံးခြင်းနှင့် ကင်ဆာရော ဂါကြောင့် သေဆုံးခြင်းတို့၏ ပတ်သက်မှု အချက်အလက် များကို ဘော့စတွန် တက္ကသိုလ်ရှိ ဒေါက်တာ တင်မသီနိုင်မီ ဦးဆောင်သော လေ့လာရေး အဖွဲ့က ဆန်းစစ်ခဲ့ ကြသည်။ ပါးစပ်ကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် အစာပြွန်ကင်ဆာ ရောဂါများကြောင့် နှစ်စဉ် သေဆုံးသူ ၆၀၀၀ ခန့်ရှိသည်။ အရက်သောက်သုံးမှုနှုန်း ပိုမိုမြင့်မားလာခြင်းသည် ကင်ဆာရောဂါကို တိုးမြှင့်ဖြစ်ပွားစေေ သ်ာလည်း တစ်နေ့လျှင် အရက်တစ်ခွက် သို့မဟုတ် ထိုပမာဏထက် နည်းပြီး သောက်ပါကလည်း အရက် ကြောင့် ဖြစ်သော ကင်ဆာရောဂါဖြင့် သေဆုံးမှုမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိနေဆဲဖြစ်သည်။ အရက်နှင့် ကင်ဆာ ရောဂါဖြစ်ပွားမှု ကြားရှိ ဆက်နွယ်မှုသည် ပြင်းထန်လျှက်ရှိပြီး ပြည်သူလူထု အနေဖြင့် အဆိုပါ ဆက်နွယ်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လိုအပ်နေပြီး ဆရာဝန်များက အေ သးစိတ် လေ့လာမှုများကိုလည်း ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်နေသည်။ ။
From: Myawady
No comments:
Post a Comment