Sunday, February 24, 2013

မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ပြည်သူများ ပူးပေါင်း ဆောင်ရွက်ပေး


24 February 2013
Written by စကားဝါ

ကမ္ဘာ့နိုင်ငံ အသီးသီး၌ လူမှု ပတ်ဝန်းကျင်ကို မူးယစ်ဆေးဝါး ဆိုင်ရာ ပြဿနာများ ကအန္တရာယ် ပေးလျက်ရှိသည်။ လူငယ်ထု အတွင်းကောင်းကျိုး မပေးသည့် မူးယစ်ဆေးသည် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် ပျံ့နှံ့လျက်ရှိရာ တားဆီးနှိမ်နင်း ကာကွယ်ရေး လုပ်ငန်းများကိုလည်း နိုင်ငံအသီးသီး ကအလေးထား ဆောင်ရွက်လျက် ရှိသည်။

 ကမ္ဘာ့ အသိုင်းအဝိုင်းဝင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တွင်လည်း ပြည်သူ အပေါင်းကျန်းမာ ၍လူနေမှု ဘဝ အဆင့်မြင့်မားရေး၊ အသိဥာဏ် ဗဟုသုတ တိုးတက်ရေး အတွက် မူးယစ် ဆေးဝါးတားဆီး ကာကွယ်ရေးကို အမျိုးသားရေး တာဝန်အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။ အရှေ့တောင် အာရှနိုင်ငံများ တွင်မူးယစ် ဆေးဝါးပပျောက်ရေး ကိုလာမည့် ၂ဝ၁၅ခုနှစ်တွင် အပြီး ဆောင်ရွက်ရန် သတ်မှတ်ထားရာ မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက်စိုက်ပျိုး ထုတ်လုပ်မှု ပပျောက်ရေး၊ သယ်ယူ ပို့ဆောင်ရောင်းဝယ်မှု ပပျောက်ရေး ၊မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ပပျောက်ရေး တို့ကို
ကဏ္ဍအလိုက် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော် အတွင်းမူးယစ် ဆေးဝါးပပျောက်ရေး ကို၁၉၉၉ခုနှစ်မှ ၂ဝ၁၄ခုနှစ် အထိ (၁၅)နှစ် စီမံကိန်း ချမှတ် အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ တတိယနှစ် စီမံကိန်း၏ တတိယနှစ်သို့ ရောက်ရှိ နေပြီဖြစ်သည်။ နှစ်အလိုက် မူးယစ်ကင်းစင် ပပျောက်ရေးကို ကြိုးပမ်း အကောင်အထည် ဖော်လျက်ရှိရာ ခရီးရောက် အောင်မြင်မှုများ နှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲသူများအား ဖော်ထုတ် အရေးယူ ပြန်လည် ကုသပေးခြင်း၊ ထုတ်လုပ်သူ၊ သယ်ဆောင် ဖြန့်ဝေရောင်းချ သူများကို တည်ဆဲဥပဒေ နှင့်အညီ ဖမ်းဆီး အရေးယူ လျက်ရှိသည်။ လူသားအားလုံး အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးများကို ကမ္ဘာတစ်ဝန်း၌ ထိထိရောက်ရောက် ကြပ်ကြပ်မတ်မတ် တားဆီးနှိမ်နင်း နေသည့်တိုင် လူသားများ၏ ဘဝကို ယနေ့အထိ အန္တရာယ် ပေးနေဆဲပင် ဖြစ်သဖြင့် အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက် ကြရမည်ဖြစ်သည်။ ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး တို့သည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး အတွက်ဘိန်းခင်း တိုင်းတာရေးနှင့် အခြား ကိစ္စရပ်များအား မူးယစ်ဆေးဝါး ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စာလွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ ကြပြီးဖြစ်သည်။ သို့ဖြစ်၍ လူသားတို့အတွက် ကောင်းကျိုးမပေး ဆိုးကျိုး သက်သက်သာ ပေးစွမ်းသည့် မူးယစ် ဆေးဝါးများ မြန်မာ့မြေ ပေါ်မှအပြီး တိုင်ပပျောက်စေရေး အတွက် မူးယစ်ဆေးဝါးနှင့် အခြား မူးယစ်စေသော ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ်မှု နှင့်သုံးစွဲမှုများ တားဆီးကာကွယ် နှိမ်နင်းရေး လုပ်ငန်းများတွင် ပြည်သူအားလုံး ကထိထိရောက်ရောက် ပါဝင်ကူညီ ဆောင်ရွက် သွားကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။။

No comments:

Post a Comment