Tuesday, February 12, 2013

SSA တပ်မဟာ(၁)မှ ဒေသခံတိုင်းရင်းသားများအား တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်း


12 February 2013

  ၂၀၁၃ ခုနှစ်ဖေဖ၀ါရီလ (၈)ရက်နေ့တွင် ကျောက်မဲခရိုင်၊ဆိုက်ခေါင်ကျေးရွာအုပ်စု၊ပန်ဝိုးကျေးရွာသို့ SSA တပ်မဟာ(၁)မှ စိုင်းဆိုင်ခမ်းခေါင်းဆောင်သော အင်အား(၁၀)ဦးသည် လက်နက်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဆိုက်ခေါင်ကျေးရွာအုပ်ချုပ် ရေးမှူး နှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုအတွင်းတွင်ရှိသော ကျေးရွာလူကြီး (၁၀)ဦးအား ခေါ်ယူတွေ့ဆုံခဲ့ကြောင်းသိရှိရသည်။

  အဆိုပါခေါ်ယူရခြင်းမှာ ၄င်းတို့ SSA တပ်မဟာ(၁)အတွက် ဖေဖ၀ါရီလ ၁၄ ရက်နေ့တွင် ဆိုက်ခေါင်ကျေးရွာအုပ်စုအတွင်းတစ်ရွာလျှင် တပ်သားသစ် (၁)ယောက်နှုန်းဖြင့် ပန်ဝိုးကျေးရွာ အနီးတောအတွင်းသို့ လာရောက်ပို့ဆောင်ပေးရန် ခိုင်းစေ ခဲ့ကြောင်းသိရှိရသည်။ 

  ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ထိုကဲ့သို့ အတင်းအဓမ္မလူသစ်စုဆောင်ခြင်းများအား မလိုလားကြသောကြောင့် ၄င်း SSA တပ်မဟာ(၁)မှ တောင်းဆိုထားသော တပ်သားသစ်များအား ပေးပို့ရန် အစီအစဉ်မရှိနိုင်ကြောင်းသိရှိရသည်။

No comments:

Post a Comment