Tuesday, February 19, 2013

စိမ်းပြာရောင်ကမ်းခြေ- Navagio beach

19 February 2013



ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောက်ကမ်းပါးများ ဝန်းရံထားတဲ့ ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။ အမှန်တော့ ကမ်းခြေပတ်လည်အနီးရေအောက်ကြမ်းပြင်မှာအရောင်လက်ကျောက်စရစ်ခဲများရှိနေပြီးကောင်းကင် အပြာေ ရာင်ပြန်ဟက်ရောစပ်သွားမှုဖြစ်ပြီးနေရောင်ခြည်ထိုးဖောက်လိုက်တော့စိမ်းပြာရောင်လို အရောင်ထွက်စေပါ တယ်။ချောက်ကမ်းပါးများဝမ်းရံပြီးအတွင်းမှာရေဂူပေါင်းမြောက်များစွာရှိပါတယ်။အထဲတွေကိုတော့ စက်လှေ
ငယ်တွေနဲ့ပဲသွားလာလို့ ရပါတယ်။ Zakynthos ကျွန်းမြို့ နဲ့ သိပ်မဝေးနဲ့နေရာမှာ တည်ရှိတဲ့အတွက် လာရောက် လည်ပတ်သူလည်း များပြားပါတယ်။ Navagio ကမ်းခြေဟာ Ionian ပင်လယ်တွင်းက အလှပ ဆုံး နေရာအဖြစ် အသတ်မှတ်ခံထားရတဲ့ ကမ်းခြေ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

No comments:

Post a Comment