10 February 2013
၂၀၁၃ ခုနှစ်၊ ဖေဖ၀ါရီလ ၉ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ လုံကန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့
ဦးလှအောင်ဦးစီးသည့်အဖွဲ့မှတပ်ဖွဲ့ဝင်(၂)ဦးအား လုံကန်ကျးရွာမှဒိန်ဂရီကျေးရွာသို့ ဈေးဝယ်ရန်
သွားရောက်စဉ် KIA/TNLAပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
အဆိုပါသတင်းနှင့်ပက်သက်၍ တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းမှုများဆောင် ရွက်ခဲ့ပြီးအဆိုပါ
ဖမ်းဆီးခံရပလောင်လူမျိုး (၂) ဦးအား ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ပါသည်။ထိုသို ဆောင်ရွက်မှုကြောင့် ဖမ်းဆီးခံရသူ လုံထန်ပြည်သူ့စစ် အဖွဲ့မှ ရွှေလေး(၄၀ နှစ်)၊ ပလောင်လူမျိုး၊မြင်ဆာ(၁၈ နှစ်)၊ ပလောင်လူမျိုး၊(၂) ဦးမှာ မုံးယုကျေးရွာသို့ ၂၀၁၃ ခုနှစ်ဖေဖ၀ါရီ ၉ ရက်နေ့တွင်ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ အဆိုပါ လွတ်မြောက်လာသူ (၂ ) ဦးပြောပြချက်အရ ၄င်းတို့ (၂ ) ဦး လုံကန်ရွာမှ ဒိန်ဂရီရွာဘက်သို့သွားရောက်စဉ် KIA/TNLA ပူးပေါင်းအဖွဲ့ ၄၀ ဦးခန့်မှ အဖွဲ့ ၂ ဖွဲ့ခွဲ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးခေါ်ဆောင်လာစဉ် လုံကန်ရွာအ၀င် တောစပ်အနီးရောက်ရှိစဉ် ၄င်းတို့ ( ၂ )ဦးမှာပြန်လည်ထွက်ပြေးလာနိုင်ခဲ့ကြောင်းသိရှိရပါသည်။
၎င်းပူးပေါင်း KIA/TNLA တပ်ပေါင်းစု အဖွဲ့သည် လုံကန်ရွာဘုန်းကြီးကျောင်းအတွင်း ရွာသူ/ရွာသား
များအား အတင်းအဓမ္မစုစည်း၍သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင် တင်ဝင်းဆိုသူမှ``၄င်းသည် ယခင် မန်တုံမြို့နယ်၊
မ၀ါးကျေးရွာတွင်နေထိုင်ခဲ့ကြောင်း၊ဇနီးမှာယခင်ကျောင်းဆရာမတစ်ဦးဖြစ်ပြီး သားတစ်ယောက်ရှိကြောင်း၊
လက်ရှိ နမ့်ဆောင်ကျဲနယ်မြေတ၀ိုက်၊တာဝန်ယူလှုပ်ရှားနေကြောင်း၊၄င်းနယ်မြေအတွင် အခြားတိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များဝင်ရောက်လှုပ်ရှားမှုအားခွင့်မပြုကြောင်း´´နှင့်ရွာသူရွာသားများအား ခြိမ်းခြောက်
ပြောဆိုမှုများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါလုပ်ရပ်များနှင့်ပက်သက်၍ ရှမ်းမြောက်ဒေသအတွင်း ပြည်သူလူထု၊ရွာသူရွာသားများအနေဖြင့်
ယုံကြည်ချက်၊ခံယူချက်၊ အယူဝါဒလွှဲများစွာဖြင့် လူမျိုးရေးကိုအခြေခံလှုပ်ရှားလျက်ရှိသောတိုင်းရင်းသား
လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ၏ တရားဥပဒေမဲ့လုပ်ရပ်များအား ရွံရှာစက်ဆုပ်မုန်းတီးလျက်
ရှိသောကြောင့်တိုင်းရင်းသား ရွာသူရွာသားများ၏ ဘ၀အခြေအနေမှန်အားပြည်ထောင်စုသားအားလုံး
သိရှိစေရေး ရွှေလားရှိုး Blog မှတင်ပြအပ်ပါသည်။
No comments:
Post a Comment