4 Feburary 2013;
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဌ၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် S ဂွမ်မော် ဒုစစ်ဦးစီးချုပ် ခေါင်းဆောင်အဖွဲ့ဝင်(၆)ဦး ပါဝင်သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဆွေးနွေးရေးအဖွဲ့တို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင်
၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီ၎ရက်နေ့တွင်ငြိမ်ချမ်းရေးဆွေးနွေးမှုအားဆောင်ရွက်ခဲ့ပါသည်။နှစ်ဖက်ဆွေးနွေးမှုများ အပြီးတွင်အောက်ဖော်ပြပါ´ပူးတွဲကြေငြာချက်´တစ်စောင်အားထုတ်ပြန်ခဲ့ပါသည်။အဆိုပါပူးတွဲကြေငြာချက် အပြည်အစုံမှာ-တို့၏ ပူးတွဲကြေညာချက်
၁။ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဆွေးနွေးရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ် ဖေဖ၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် တရုတ်နိုင်ငံ ရွှေလီမြို့ တွင် တွေ့ဆုံဆွေးနွေးပြီး ၁၆ နာရီ ၁၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ပါသည်။
၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေ၀န်ကြီးဌာနမှ သံအမတ်ကြီး မစ္စတာလျိုကျောက်ဝေ့၊ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖို၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် တစ်ဦး၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့ ကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူ နှင့်အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေနှင့် အခြားသက်သေတစ်ဦးတို့ ကတက်ရောက်ခဲ့ကြသည်။
၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်းထားရှိရေး၊နယ်ဘက်စစ်ရေးတင်းမာ မှုများလျော့ချနိုင်ရေး နောက်တစ်ကြိမ်ဆွေနွေးပွဲတွင် လေ့လာသူများနှင့်သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်များအားဖိတ်ခေါ်ရေးတွေဆွေးနွေးခဲ့ကြသည်။
၎။ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို KIA အဖွဲ့အစည်းအနေဖြင့် UNFC နှင့်ညှိနှိုင်းပြီးနောက် ဖေဖ၀ါရီလ မကုန်မီကျင်းပရန်နှင့် အစိုးရနှင့်KIO အကြား နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းသွားကြရန် သဘောတူကြပါသည်။
၅။ အစိုးရနှင့် KIO ကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများကိုလေ့လာစောင့်ကြည်စိစစ်ရေးစနစ်ပေါ်ပေါက်ရန်ဆက်လက်ဆွေးနွေး
ဆောင်ရွက်သွားရန် သဘောတူညီကြသည်။
No comments:
Post a Comment