Monday, February 4, 2013

ရှမ်းမြောက် နမ့်ခမ်းမှသစ်များအား တရုတ်နိုင်ငံကနေစဉ်လာရောက်သယ်ယူနေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနှင့် ကချင်ပြည်နယ်ကြားရှိ သစ်များအား တရုတ်နိုင်ငံမှ နေ့စဉ်လာရောက်
သယ်ယူနေကြောင်းသတင်းရရှိပါသည်။
002-နမ့်ခမ်းဘက်မှ သစ်လုံးတင် တရုတ်ကား

“တရုတ်သစ်တင်ကားတွေက နေ့တိုင်းညသန်းခေါင်အချိန်တွေမှာ တရုတ်ပြည် ကျယ်ဂေါင်ဘက်က
နမ့်ခမ်းမြို့ ဖြတ်ပြီး မန်ဝိန်းကြီးဘက်ဆင်းသွားတာ တစ်နေ့ အစီး ၃၀ လောက်ရှိတယ်၊ ကားတွေက
၁၂ ဘီးကားတွေချည်းဘဲ၊သစ်တင်ပြီးရင်တော့ ကချင်မန်ဝိန်းကြီးဘက်ကနေ နောက်တောင်းမြို့ မှာရှိတဲ့ 
သစ်ဂိုဒေါင်မှာသွားစုတာတွေတွေ့ရတယ်” ဟု  နမ့်ခမ်းဒေသခံ ဈေးပတ်လိုက်ရောင်းနေသော ဈေးသည်

တစ်ဦးက ပြောသည်။
သစ်များကို ကချင်ပြည်နယ် ကေအိုင်အေ တပ်မဟာ ၃ ဖြစ်သည့် အင်ပါပါမြို့ နယ်ဘက်မှ တစ်နေ့အစီး
တစ်ရာကျော်သယ်ထုတ်နေကြောင်း၊ သို့သော် ကချင်ပြည်နယ်ထဲမှ သစ်များမဟုတ်ကြကြောင်း၊ရှမ်းပြည်
မြောက်ပိုင်း နမ့်ခမ်းမြို့ နယ် လွိုင်စောင်း အနီးရှိ သစ်များဖြစ်ကြောင်း သစ်တင်ကားမောင်းသမားတစ်ဦး
ကဆိုသည်။ တရုတ်တွေ ကျနော်တို့ဘက်က သစ်တွေကို စည်းမဲ့ကမ်းမဲ့ခုတ်နေတာကြောင့်ရာသီဥတု
ဖောက်ပြန်မှုတွေသိသိသာသာကြီး ဖြစ်ပေါ်နေတယ်၊ အခုဆောင်းရာသီလဲ အအေးချိန်လွန်ကဲတယ်၊
တစ်ဖက်ကလဲ နမ့်ခမ်းမြို့ ရပ်ရွာထဲက ရေတွင်းတွေခန်းခြောက်ကုန်ကာ၊လွန်ခဲ့တဲ့  ၂ နှစ်လောက်က
ကျနော်တို့အိမ်က ရေတွင်းကရေစုပ်မော်တာ ၃ လုံးနဲ့ စုပ်ပြီး စိတ်ကြိုက်သုံးလို့ရတယ်၊ အခုတော့
တစ်လှည့်စီ စုပ်ပြီးရေကိုချွေတာသုံးနေရတယ် ဟု နမ့်ခမ်းဒေသခံ ခေတ်ပညာတတ် လူငယ်
စိုင်းခမ်းက ပြောသည်။
004-
004-
သစ်လုံးတင်ကားများ။
005-
နမ့်ခမ်းဘက်မှ  မြေဆီများကိုအိမ်များဖြင့်ထည့်ပြီး တရုတ်ပြည်ဘက်သယ်ဆောင်ပုံ


003-
ရွှေလီဘက်၌တွေ့ရသော စိမ်းလန်းစိုပြေမှု

တရားမဝင် တရုတ်သစ်တင်ကားများကို ဖမ်းဆီး ခြင်းမရှိသည့် အပြင် မြန်မာအစိုးရနှင့် KIO  သက်ဆိုင် ရာအာဏာပိုင်များကလည်း အခွန်ကောက်ခံပြီး လွတ်လပ်စွာ စိတ်ကြိုက် သယ်ယူ ခုတ်ခွင့် ပေးနေ ကြောင်း  သိရှိရသည်။

No comments:

Post a Comment