16 February 2013
၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မူဆယ်(မူးယစ်)၊ ၁၀၅မိုင်လှုပ်ရှားအဖွဲ့
ရဲအုပ်ဇော်မင်းသိန်း ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၁၀၅ မိုင်၊ ပန်ဆိုင်း(ကြူကုတ်)သွား
ကားလမ်း၊ လုံခန်ရွာအနီးေ ညာင်ပင်တွင် စောင့်ဆိုင်းနေစဉ် မုန်ခုန်ကန်ရွာဘက် မှ
၁၀၅မိုင်ဘက် သို့
မောင်းနှင်လာသောအောင်လှ(၃၂)နှစ်၊မန်ကန်ကျေးရွာပန်ဆိုင်း (ကြူကုတ်)မြို့နယ်ခွဲ၊ မူဆယ်မြို့နယ်နေသူ
စီးနင်းလာသည့် 3 Star(Trsta)-125 အနက်ရောင်ဆိုင်ကယ်အား ရပ်တန့် ရှာဖွေရှာဆိုင်ကယ်၏ ဖင်ထိုင်ခုံ အံဝှက်အတွင်းမှ အပြာရောင် ပလက်စတစ်ကပ်ခွာ အိတ်ငယ်အတွင်း ထည့်လျှက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁)ထုပ်လျှင်၁၉၈ ပြားစီပါ ၂၂၀ထုပ်၊ဆေးပြားပေါင်း ၄၃၅၆၀ပြားအလေးချိန် ၃.၉၂၀၄ ကီလိုဂရမ်၊ ဒေသပေါက်ဈေး ၈၇၁၂၀၀၀၀ကျပ်တို့အား ရှာဖွေတွေ့ရှိခဲ့သည်။

No comments:
Post a Comment