Wednesday, February 27, 2013

ရွှေစိမ်း (Green Gold)


27 February 2013



ဝါးပင်မှာ ဆင်းရဲသားများအတွက်သစ် ( poor man´s timber) ဟု တင်စားခေါ်ဝေါ်သော အပင်ဖြစ်ပါသည်။ သစ်တော သမားများကမူ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း (non-Timber Forest Products NTFPs) ဟု ဆိုကြပါသည်။ ရာဘာပင်ကို ရွှေဖြူဟု ခေါ်သလို ၀ါပင်ကို ရွှေစိမ်း (Green Gold) ဟုခေါ်လာကြပါသည်။ သစ်ပင်(ဥပမာ-ကျွန်းပင်) သည် သစ်အသုံးပြုရန်ကောင်းမွန်သော်လည်း
ဝါးပင်မှာသစ်အနေဖြင့်သုံးမလား၊အစားအစာ(မျှစ်)အနေဖြင့်သုံးမလား၊ ဆေးဝါး(ဥပမာ- ၀မ်းသန့်ဆေး အတွက် ၀ါးမီးသွေး)သုံးမလား၊ အမိုးအကာအတွက် ၀ါးကပ်၊ ၀ါးထရံ စသည်ဖြင့် ဘက်စုံသုံးလို့ရပါသည်။ အချိန်ရှုထောင့်နှင့် ဥပဒေတားမြစ်ရှုထောင့်မှ ကြည့်ပြန်ပါကလည်း သစ်အသုံးရန် ၂၀-၃၀ မှ ၇၀-၈၀ အထိအချိန် အကြာကြီး စောင့် ရမည်။ ဥပဒေများနှင့်လည်း တားဆီးထား၍ သုံးရန်မလွယ်ကူ။

သို့သော် ၀ါးပင်မှာစိုက်ပြီး ၂-၃ နှစ်ဆို သုံး၍ရပြီ။ ထို့ကြောင့် ၀ါးပင်များကို ကမ္ဘာပေါ်တွင် သစ်သားပေးသော အကြီးအမြန်ဆုံးအပင်များ ဟုခေါ်ပါသည်။ ယင်းအပြင်လက်တစ်ကမ်းတွင်ရှိသော အလွယ်တကူရနိုင်သော(သစ်ကဲ့သို့)ဥပဒေတားမြစ်ထားခြင်းမရှိ၍ သုံးရန်လွယ်ကူသည်။ လူသားများ အတွက်ဝါးသည်အမျိုးမျိုးအသုံးပြုနိုင်သောသစ်တောထွက်ပစ္စည်းဖြစ်ပါသည်။ဆင်းရဲသားများ အပါအ၀င် လူအတန်းအစားအမျိုးမျိုး အတွက်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်သော အပင်မျိုး လည်း ဖြစ်ပါသည်။ ၀ါးထွက်ပစ္စည်း အမျိုးမျိုးရာနှင့်ချီပြီးရှိသည်။ ယခုအခါဝါးကို ဖော်ပြပါ အသုံးများ အတွက် အသုံးဝင်ရုံမျှမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် သစ်ပင်ထက်ပိုထိရောက် ကြောင်း သိရှိရပါသည်။

 ဒေါက်တာ စန်းဝင်း (သစ်တော တက္ကသိုလ်)

No comments:

Post a Comment