Wednesday, September 30, 2015
ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦးအား KIA သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်
၂၀၁၅ စက်တင်ဘာ ၃၀
၂၀၁၅ခုနှစ်
စက်တင်ဘာလ ၁၅ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးတာဝန်ခံမှ မူဆယ်မြို့နယ်၊ လုံခန်ရွာ အနီး တောင်ကုန်းပေါ်ရှိ
မိုက္ကရိုဝေ့ဆက်သွယ်ရေးစခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ စခန်းတွင် တာဝန်ကျနေသော ဦးစိန်မြင့်(စက်မှုကျွမ်းကျင်)၊
ဟိုမွန်ရပ်ကွက်၊ မူဆယ်မြို့နေသူအား မတွေ့ရှိရသဖြင့် ဦးစိန်မြင့်ကိုင်ဆောင်သည့် ဖုန်း၂လုံးအား
ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိခြင်းကြောင့် မူဆယ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပါသည်။
ဗြိတိန် နိုင်ငံရဲ့ အသေးငယ်ဆုံး ကာယဗလမောင်
၂၀၁၅ စက်တင်ဘာ ၃၀
ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ အရပ် ၄ ပေ ၁၀ လက်မသာ ရှိတဲ့ ဗြိတိန်နိုင်ငံရဲ့ အသေးငယ်ဆုံး ကာယဗလမောင် Choon Tan ဆိုသူပဲ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်သာ ရှိသေးတဲ့ Choon ဟာ မွေးကတည်းက မျိုးရိုးဗီဇ ပြသနာကြောင့်
အရိုးဖွံဖြိုးမှု အပိုင်းမှာ ထိခိုက်မှုတွေရှိခဲ့ပြီး ကိုယ်ခန္ဓာ
ဖွံဖြိုးကြီးထွားမှု အပိုင်းမှာ နှေးကွေးနေခဲ့တာ ဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ နှိမ်ချဆက်ဆံခံခဲ့ရပြီး သူ့ရဲ့ မတူညီတဲ့
ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အမြဲ စနောက် ခံနေရသူဖြစ်ပါတယ်။
Monday, September 28, 2015
မျိုးစောင့်ဥပဒေကိုပွန်းပဲ့မခံနိုင်သော တောရဆရာတော်တစ်ဦး
၂၀၁၅ စက်တင်ဘာ ၂၈
အမျိုးစောင့်ဥပဒေပြဌာန်းနိုင်မှုအတွက် အမျိုးဘာသာသာသနာကို စောင့်ထိန်းသော ရဟန်းသံဃာများ အမျိုးဘာသာကို ချစ်မြတ်နိုးသော ပြည်သူ/ပြည်သားများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် များတွင် စီတန်းလှည့်လည် အောင်ပွဲခံမှုများပြုလုပ်နေချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ ရန်အောင်မြင် ဘုန်းကြီးကျောင်းတွင် အမျိုးစောင့်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သော NLDပါတီ၏ ပါတီအောင်နိုင်ရေး ဖျော်ဖြေရေးအဖွဲ့များအား လက်ခံတည်းခိုခွင့်ပြုခဲ့ခြင်းမှာ အမျိုးစောင့်ဥပဒေကို လိုလားသော ရဟန်းသံဃာများနှင့် လားရှိုးမြို့သူ/မြို့သားများအနေဖြင့် လက်ခံသင့်/မသင့် ဆိုသည်မှာ စဉ်စားစရာတစ်ခုပင် ဖြစ်ပါသည်။
အမျိုးစောင့်ဥပဒေပြဌာန်းနိုင်မှုအတွက် အမျိုးဘာသာသာသနာကို စောင့်ထိန်းသော ရဟန်းသံဃာများ အမျိုးဘာသာကို ချစ်မြတ်နိုးသော ပြည်သူ/ပြည်သားများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် များတွင် စီတန်းလှည့်လည် အောင်ပွဲခံမှုများပြုလုပ်နေချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ ရန်အောင်မြင် ဘုန်းကြီးကျောင်းတွင် အမျိုးစောင့်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သော NLDပါတီ၏ ပါတီအောင်နိုင်ရေး ဖျော်ဖြေရေးအဖွဲ့များအား လက်ခံတည်းခိုခွင့်ပြုခဲ့ခြင်းမှာ အမျိုးစောင့်ဥပဒေကို လိုလားသော ရဟန်းသံဃာများနှင့် လားရှိုးမြို့သူ/မြို့သားများအနေဖြင့် လက်ခံသင့်/မသင့် ဆိုသည်မှာ စဉ်စားစရာတစ်ခုပင် ဖြစ်ပါသည်။
Sunday, September 27, 2015
ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေ ကောက်ခံ
၂၀၁၅ စက်တင်ဘာ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ သိန်းဆက်ကျေးရွာအတွင်း
ဖြတ်သန်းသွားလာသည့် ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ
ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။ မိုးညှင်းမြို့နယ်၊ သိန်းဆက်ကျေးရွာသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် KIA
အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး ယင်းကျေးရွာ အတွင်း ဖြတ်သန်းသွားလာသည့်
ယာဉ်များအား ဆက်ကြေးငွေအဖြစ် ပါကျဲရိုး ၁ စီးလျှင် ၁၀၀၀၀ ကျပ်၊
ဆီပေပါတင်ယာဉ် ၁ စီးလျှင် ၂ သိန်းကျပ်၊ သစ်တင်ယာဉ် ၁ စီးလျှင် ၂
သိန်းကျပ်နှင့် ဈေးပစ္စည်း တင်ယာဉ် ၁ စီးလျှင် ၃၀၀၀၀ ကျပ်
ကောက်ခံသွားကြောင်း ယာဉ်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
မြန်မာနှင့် ထိုင်း မူဆယ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
၂၀၁၅ စက်တင်ဘာ ၂၇
မူဆယ် စက်တင်ဘာလ ၂၅
မူဆယ် စက်တင်ဘာလ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ရွှေလီရိပ်သာ အစည်းအဝေးခန်းမတွင်
၂၀၁၅ ခုနှစ်၊ စက်တင်ဘာ(၂၄) ရက်နေ့ နံနက်(၉)နာရီအချိန်က
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်းထိန်းချုပ်ဆောင်ရွက်မှု
ညှိနှိုင်းဆွေးနွေး ခြင်းကို ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံတရားဝန်ကြီးဌာနမှ
H.E.Gen.Paiboon Koomchaya ခေါင်းဆောင်သော ထိုင်းကိုယ်စားလှယ်
(၂၃)ဦးနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်
ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးနှင့်
ဌာနမှူး (နိုင်ငံတကာ) ရဲမှူးကြီးမြင့်အောင်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးကျော်ကျော်ထွန်း ဦးစီးသော မူဆယ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာ
တာဝန်ရှိသူများတက်ရောက်ကြသည်။
Friday, September 25, 2015
နျူကလီးယား လက်နက် ထပ်မံစမ်းသပ်လျှင် မြောက်ကိုရီးယား ပေးဆပ်ရမည်ဟု တောင်ကိုရီးယား သမ္မတ သတိပေး
၂၀၁၅ စက်တင်ဘာ ၂၅
မြောက်ကိုရီးယား အနေဖြင့် နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ရပ်
ပြုလုပ်ပါက ယင်းအတွက် ထိုက်တန်သည့် ပေးဆပ်မှုနှင့် ကြုံရလိမ့်မည်ဟု
တောင်ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟီးက သတိပေး ပြောကြားလိုက်သည်။
မြောက်ကိုရီးယားသည် ကုလသမဂ္ဂ ပိတ်ဆို့မှုများကို ဖီဆန်ကာ နိုင်ငံ၏ စတုတ္ထ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ရန် အစီအစဉ် ရှိနေကြောင်း
ခြိမ်းခြောက်ထားရာ ယင်းနှင့် ပတ်သက်၍ ပက်ခ်က ယခုလို မှတ်ချက် ပေးခဲ့ခြင်း
ဖြစ်သည်။
ပလက်ဝမြို့နယ်မှ ရွာ၁၀၀ ခန့်ကြွက်ဘေးရင်ဆိုင်နေရ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရွာ ၁၀၀ခန့်၏ တောင်ယာနှင့်
တခြားသီးနှံစိုက်ခင်းများမှာ ကြွက်ကောင်သေးသေးလေးများ၏ ဖျက်စီးမှုကြောင့်
ပျက်စီးကုန်ကြောင်း သိရသည်။
ပလက်ဝမြို့နယ်မှ ပြည်သူများသည် အများအားဖြင့် တောင်ယာ၊ လယ်၊ ဂမုန်း၊ ပဲနှင့် နှမ်းခင်းတို့ကို စိုက်ပျိုးလုပ်ကိုင်၍ အဓိကထား အသက်မွေးဝမ်းကြောင်းပြု နေထိုင်သူများပြီး ပလက်ဝမြို့နယ်တွင် ရွာပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ၁၀၀ခန့်မှ မိဘပြည်သူများသည် ကြွက်ဘေးဒါဏ်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
"ဒီနှစ်တော့ စပါးရိတ်ချိန်နီးပြီဖြစ်ပေမဲ့ ကြွက်တွေဖျက်ဆီးတာကြောင့် စပါးတွေအကုန်ပျက်တယ်။ လုပ်ထားသမျှ ပင်ပန်းတာပဲ အဖက်တင်တယ်။ တော်တော် ဒုက္ခပေးတဲ့ကြွက်တွေပဲ " ဟု တောင်သူဒေသခံ တစ်ဦးက ပြောသည်။
လွန်ခဲ့သော ၂၀၀၇ ခုနှစ်ကလည်း ကြွက်ဘေးကို အကြီးအကျယ်ရင်ဆိုင်ရခဲ့ဖူးကြောင်း သိရသည်။
မန္တလေးမြို.က ယာဉ်ထိန်းရဲ ဓားထိုးခံရသဖြင့် သေဆုံး
၂၀၁၅ စက်တင်ဘာ ၂၅
ယာဉ်/လမ်းစည်းကမ်း စစ်ဆေးခြင်း ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ စက်တင်ဘာ ၂၄
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်
မန္တလေးတိုင်းဒေသ ကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၉×၆၆ လမ်းဆုံတွင်
အမှတ်(၈၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့်
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ ယာဉ်/လမ်း စည်းကမ်းစစ်ဆေးခြင်းများဆောင်ရွက်နေစဉ်
မတ္တရာမြိုန့ယ်၊ ကျောက်တံတားရွာနေ လှမျိုးထွန်း(၂၀)နှစ် စီးနင်းလာသော
KENBO-125 CZI ဖြူ/နက်ကြားရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ
ယာဉ်လိုင်စင်မပါသဖြင့် ပူးပေါင်းအဖွဲ့မှ ရဲတပ်သား ကျော်ဇင်ဦး က
ယာဉ်မောင်းလိုင်စင်အား သိမ်းယူပြီး ဖမ်းဆီးပြေစာယူရန် ပြောဆိုနေစဉ်
လှမျိုးထွန်းမှ ဖမ်းဆီးပြေစာမယူဘဲ ဆိုင်ကယ်အား
မောင်းနှင် ထွက်ခွာသွားခဲ့သည်။
Thursday, September 24, 2015
Coca Cola အချိုရည်နှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင် မီးလောင်မှုဖြစ်ပွား
၂၀၁၅ စက်တင်ဘာ ၂၄
ရန်ကုန် - စက်တင်ဘာ ၂၄
ယနေ့
နံနက် ၆နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန် မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃) လမ်းဆုံအနီး ဇေကမ္ဘာ(၇)လမ်း၊ အမှတ်(၂၈၉)ရှိ ဦးသန်းကျော်
ပိုင်ဆိုင်သော ရွှေသန်းကျော် ကုမ္ပဏီမှ ငှားရမ်းကာ Coca cola ကုမ္ပဏီမှ အချိုရည်နှင့်
ဆက်စပ်ပစ္စည်းများ သိုလှောင်ထားသည့် အုတ်သွပ်ကာ၊ ကွန်ကရစ်ခင်း၊ သွပ်မိုး ဂိုဒေါင်
(၂၅၀x၂၀၀)ပေ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မခံစားနိုင်တဲ့ ရွာသားတစ်ဦး၏ ရင်ဖွင့်ချက်များ
၂၀၁၅ စက်တင်ဘာ ၂၄
ဟိုတစ်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၅ နာရီလောက်ဘဲ မူဆယ်ဘက်မှ
ကွတ်ခိုင်ဘက်ကို ဆင်းလာတဲ့ စစ်ကား ၁၀ စီး ကောင်းဝှက်ရွာအ၀င်မှာဘဲ KIA/တအာင်းလက်နက်ကိုင်တဲ့အဖွဲ့တွေက မိုင်းနဲ့တိုက်တယ်..
စစ်ကား ၁၀ စီး မိုင်းဆွဲခံရတာပေါ့ ရွာနားမှာ စစ်တပ်နဲ့KIA/တအာင်းလက်နက်ကိုင် အဖွဲ့တွေ
တိုက်ပွဲဖြစ်တယ်.. ၁၅ မိနစ်လောက်ကြာမယ်ထင်တယ်..ပစ်ခတ်သံတွေ
ဆူညံနေတယ်. ကျည်ဆံတွေ ရွာနားကို ကျတာပေါ့၊ ရွာထဲကိုတော့ကျတာ မတွေ့ရပါဘူး. ရွာအစွန်ပြောင်းခင်းလောက်ပါ ဘဲ... ပြောင်းခင်း တောအစပ်လောက်မှာပဲဖြစ်တာ.. ဟိုဘက်ကပစ်လိုက် ဒီဘက်ကပစ်လိုက်နဲ့ပေါ့ နည်းနည်းလောက်
ကြာသွားတော့ ပစ်ခတ်သံ တွေရပ်သွားတယ်လေ..
Tuesday, September 22, 2015
Monday, September 21, 2015
KIA သောင်းကျန်းသူများမှ စာသင်ကျောင်းများတွင်ကပ်ထားသော မဲစာရင်းများအား လိုက်လံခွာယူဖျက်ဆီး
၂၀၁၅ စက်တင်ဘာ ၂၁
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မန်ဟိုအက်ရွာသို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ယူနီဖောင်းဝတ် အင်အား ၅ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်လျှက် ရောက်ရှိလာပြီး ၄င်းရွာရှိ မူလတန်းကျောင်းနှင့် မန်လုံခေါင်ရွာ၊ မုံးပေါ်လေးရွာ၊ ဆိုင်းခေါင်ရွာ စသည့်ရွာများရှိ မူလတန်းကျောင်းများတွင် ကပ်ထားသော မဲစာရင်းများအား လိုက်လံခွာယူသွား ကြောင်းနှင့် ထပ်မံ၍ မဲစာရင်းကပ်ခြင်း မပြုလုပ်ရန် ကျေးရွာသူကြီးများအား ပြော ပြီး ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မန်ဟိုအက်ရွာသို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ယူနီဖောင်းဝတ် အင်အား ၅ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်လျှက် ရောက်ရှိလာပြီး ၄င်းရွာရှိ မူလတန်းကျောင်းနှင့် မန်လုံခေါင်ရွာ၊ မုံးပေါ်လေးရွာ၊ ဆိုင်းခေါင်ရွာ စသည့်ရွာများရှိ မူလတန်းကျောင်းများတွင် ကပ်ထားသော မဲစာရင်းများအား လိုက်လံခွာယူသွား ကြောင်းနှင့် ထပ်မံ၍ မဲစာရင်းကပ်ခြင်း မပြုလုပ်ရန် ကျေးရွာသူကြီးများအား ပြော ပြီး ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
Friday, September 18, 2015
မူဆယ် ၁ဝ၅ မိုင်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
၂၀၁၅ စက်တင်ဘာ ၁၉
မူဆယ် စက်တင်ဘာ ၁၈
မူဆယ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ပြည်ထောင်စုလမ်းမ
စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၅ ရက်က သတင်းအရ လားရှိုးဘက်မှ လာသော
တရုတ်ကားLIFAN အမျိုးအစား MDY4EC/----- အား ရပ်တန့်စေပြီး ရှာဖွေရာ
ယာဉ်ကိုယ်ထည် ကြမ်းခင်းအောက်တွင် အခိုင်အမာ သိုဝှက် ထားသော
မြန်မာ့ကျောက်စိမ်းရိုင်းတုံး(အခဲ၊ ခဲခြမ်း၊ ဖြတ်စအရွယ်စုံ)စုစုပေါင်း ၂၁၄၈
ကီလိုဂရမ် အား ဌာနပေါင်းစုံ ရွေ့လျားလှုပ်ရှားအဖွဲ့က သိမ်းဆည်းရရှိသည်။
Thursday, September 17, 2015
မူဆယ် ၁၀၅မိုင် စစ်ဆေးရေးဂိတ် အနီးရှိ စက်ရုံတံခါးအား မိုင်းထောင်ဖောက်ခွဲ
၂၀၁၅ စက်တင်ဘာ ၁၇
ဆက်ကြေး မပေးသည့်အတွက် ခြိမ်းခြောက်ခြင်း တစ်ခုဖြစ်ဟုဆို
ဆက်ကြေး မပေးသည့်အတွက် ခြိမ်းခြောက်ခြင်း တစ်ခုဖြစ်ဟုဆို
ရှမ်းပြည်နယ်
မြောက်ပိုင်း မူဆယ်မြို့
၁၀၅မိုင် စစ်ဆေးဂိတ်
အနီးရှိ စက်ရုံတံခါးအား
မိုင်းထောင် ဖောက်ခွဲမှု တစ်ခု
စက်တင်ဘာ ၁၀ရက်
ညပိုင်းက ဖြစ်ပွားခဲ့ရာ
ယင်းဖောက်ခွဲမှုသည် ဆက်ကြေး
မပေးသည့် အတွက်
ခြိမ်းခြောက်ဖောက်ခွဲမှု တစ်ခုဖြစ်ကြောင်း မူဆယ် ၁၀၅မိုင် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။
မိုးညှင်းမြို့နယ် (ဒေသအခေါ်) ၀ါလာဆားကျင်းမှော်အနီးတွင် ဒေသခံ(၂)ဦး KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာမှ (၁)ဦးသေ
၂၀၁၅ စက်တင်ဘာ ၁၇
၂၀၁၅ ခုနှစ် စက်တင်ဘာ(၁၄)ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင်
ဦးဝင်းဗိုလ်(၅၀)နှစ်၊ ဦးသောင်းမြင့် (၄၁)နှစ်နှင့်
ဦးအောင်ဆန်း(၄၂)နှစ်တို့သည် မိုးညှင်းမြို့နယ် နမ္မချီမှော်မှ ၈၈
ကျောက်မျက်ရတနာကုမ္ပဏီ အနီး (ဒေသအခေါ်) ၀ါလာဆားကျင်းမှော်သို့ ရေမဆေးကျောက်
ရှာဖွေရန် သွားရောက်စဉ် ၀ါလာဆားကျင်းမှော်အနီး တောစပ်၌ KIA ထောင်ထားသော
မိုင်းအား နင်းမိပေါက်ကွဲခဲ့ပါသည်။
RCSS/SSA အဖွဲ့မှ ဒေသခံများအား SNLD ပါတီနှင့် SNDP ပါတီတို့အား မဲပေးကြရန် လက်နက်ဖြင့် ခြိမ်းခြောက် စည်းရုံး
၂၀၁၅ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၊
မယ်လုကျေးရွာနှင့် ပန်ကွဲကျေးရွာသို့ စက်တင်ဘာလ ၁၃ရက်နှင့် ၁၄
ရက်နေ့တို့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရှမ်းပါတီများ ကိုသာ
မဲပေးရန် ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်သွားကြောင်း
ယင်းကျေးရွာသားများထံမှ သိရသည်။
နယ်မြေခံ ရဲကင်းအား KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်
ဂျပန်ငါးဖမ်းသမား တစ်ဦး ဖူကူရှီးမား နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ဖမ်းမိ
တိုကျို ၊ ၁၇-၉-၂ဝ၁၅
ဂျပန် ငါးဖမ်းသမားတစ်ဦးသည် ဖူကူရှီးမား
နျူကလီးယားစက်ရုံအနီးရှိ
ပင်လယ်ပြင်မှ ဧရာမငါးကြီး
တစ်ကောင်ကို ဖမ်းမိခဲ့ကြောင်း
Mail Online သတင်းဌာနက စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြ ထားသည်။
အဆိုပါငါးကြီး၏ ပါးစပ်သည် ကလေးငယ်တစ်ဦးကိုပင် မြိုချနိုင်လောက်အောင် ကြီးမားပြီး ဝံပုလွေငါးမျိုးဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါငါးမျိုးသည် ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းရှိ အလွန် နက်ရှိုင်းသော နေရာများတွင်သာ နေထိုင်လေ့ရှိပြီး သမုဒ္ဒရာ ကြမ်းပြင် တစ်လျှောက်ရှိ သက်ရှိ သတ္တဝါငယ်များကိုသာ စားသောက်လေ့ ရှိသည်။
Wednesday, September 16, 2015
တရုတ်က တောင်တရုတ်ပင်လယ် အတွင်း တတိယမြောက် လေယာဉ်ကွင်း တည်ဆောက်နေဟုဆို
၂၀၁၅ စက်တင်ဘာ ၁၆
ဝါရှင်တန် ၊ ၁၆-၉-၂ဝ၁၅
ဝါရှင်တန် ၊ ၁၆-၉-၂ဝ၁၅
တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွားပိုင်နက်နယ်မြေ အတွင်း၌ တတိယမြောက် လေယာဉ်ကွင်း တည်ဆောက်လျက် ရှိကြောင်း ပြီးခဲ့သည့်
ရက်သတ္တပတ် အတွင်း ရယူနိုင်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများအား ကိုးကား၍
အမေရိကန် ကျွမ်းကျင် ပညာရှင် တစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်
ပြောကြား ထားသည်။
Friday, September 11, 2015
အငြင်းပွားဖွယ် လူခေါင်းအစားထိုးခွဲစိတ်မှုကို ၂၀၁၇ ခုနှစ်မှာ တရုတ်ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့  အီတလီဆရာဝန်တို့ ပူးပေါင်းလုပ်ဆောင်မည်
ကမ္ဘာ့ပထမဆုံး လူသားဦးခေါင်းအစားထိုးခွဲစိတ်မှုကို
လုပ်ဆောင်ဖို့ အတွက် တရုတ်ခွဲစိတ်ဆရာဝန် Ren Xiaoping နဲ့  အီတလီဆရာဝန် Sergio
Canevero တို့ ပူးပေါင်းလိုက်ပါတယ်။ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့ ရုရှားလူမျိုးတစ်ယောက်ဟာ
ဒီအငြင်းပွားဖွယ်ရာ အစားထိုးခွဲစိတ်မှု ကိုခံယူမယ့် ပထမဦးဆုံး လူသားတစ်ယောက်
ဖြစ်လာမှာဖြစ်ပါတယ်။
ခေါင်း၂ လုံးရှိတဲ့ တိရစ္ဆာန်တွေ အများဆုံး စုဆောင်းနိုင်တဲ့ အတွက် ကမ္ဘာ့ဂရင်းနစ် စံချိန်တင်ထားသူ
Venice ကမ်းခြေက ထူးဆန်းထွေလာပြပွဲပိုင်ရှင် Todd Ray က ခေါင်း၂လုံးနဲ့
ရှားပါးမြွေမျိုးဖြစ်တဲ့ Albino မြွေကို မကြာသေးခင်က ၀ယ်ယူခဲ့ပါတယ်။ ဖလော်ရီဒါမှာ ပေါက်ဖွားခဲ့တဲ့ လေးနှစ် အရွယ်ရှိ ခေါင်းနှစ်လုံးနဲ့ Honduran
Milk မြွေအမျိုးအစား “Medusa” ကို ဒေါ်လာ ၅သောင်းပေးပြီး
ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Thursday, September 10, 2015
Wednesday, September 9, 2015
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဆန်ကားမှအပ တရုတ်နိုင်ငံသို့တင်ပို့မည့် အခြားကုန်စည်ကားမျိုးစုံဝင်ရောက်မှု တစ်ရက်လျှင် အစီးရေ ၈၀ မှ ၁၀၀ ကျော်အထိ ရှိဟုဆို
၂၀၁၅ စက်တင်ဘာ ၉
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း ပို့ကုန်စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဆန်တင်ပို့မှု ခေတ္တရပ်ဆိုင်းထားသော်လည်း
တရုတ်နိုင်ငံသို့ တင်ပို့မည့် အခြားကုန်စည်ကားမျိုးစုံဝင်ရောက်မှုမှာ
တစ်ရက်လျှင် အစီးရေ ၈၀ မှ ၁၀၀ ကျော်အထိရှိကြောင်း
မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
Tuesday, September 8, 2015
Monday, September 7, 2015
အင်ဒိုနီးရှားသို့ လူကုန်ကူးခံရသူ မြန်မာ ၁၀၅ ဦး ပြန်ရောက်
Sunday, September 6, 2015
လားရှိုးမြို့ တွင် ကိုးကန့် ဒေသအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အစည်းအဝေးကျင်းပ။
၂၀၁၅ စက်တင်ဘာ ၇
လားရှိုး၊ စက် (၅) မှန်ကောင်း(လားရှိုး)
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်သည် စက်တင်ဘာလ (၅) ရက်၊ မွန်းလွဲပိုင်း ၁
နာရီက ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြည်နယ်အဆင့်
ဌာနဆိုင်ရာ များနှင့် တွေ့ဆုံကာ ကိုးကန့်ဒေသအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ
လုံခြုံရေး အစည်းအဝေး ကျင်းပသည်။
Friday, September 4, 2015
လားရှိုးမှာမီးလောင်မှုတစ်ခုဖြစ်
၂၀၁၅ စက်တင်ဘာလ ၎
လားရှိုးမြို့
အမှတ်၎ရပ်ကွက် ၄၁ကားဂိတ်အနီးမှာရှိတဲ့ တိုက်ခန်းတစ်ခုဟာ ဒီကနေ့မနက် ၈နရီ၅၀ခန့်က မီးလောင်ကျွမ်းခဲ့တဲ့အတွက်
မီးသတ်ကားဆယ့်တစ်စီးနဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ အဲဒီမီးလောင် ကျွမ်းမှုဟာ
အချိန်အားဖြင့် မိနစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ဆုံးရှုံးပမာဏက ကျပ်၂သိန်းခွဲခန့်သာ ရှိပါတယ်လို့ လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနက
ဦးစီးအရာရှိ ဦးကိုကိုဦးက ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။
Thursday, September 3, 2015
KIA တပ်ဖွဲ့မှခြံထွက်သီးနှံ ဆက်ကြေးကောက်ခံ
၂၀၁၅ စက်တင်ဘာ ၃
KIA
တပ်ဖွဲ့မှ ကချင်ပြည်နယ် လွယ်ကျယ်အုပ်စုအတွင်းရှိ ဒေသခြံထွက်သီးနှံဖြစ်တဲ့ ကြံနှင့်
အခြားသီးနှံများ အား ဆက်ကြေးများကောက်ခံနေကြောင်း ဒေသခံလူထုမှ
ပြောကြားခဲ့ပါသည်။ လွယ်ကျယ်အုပ်စုဟာ ရွာပေါင်း ၈ ရွာရှိပြီး ဆက်ကြေးအတွက်
ခြံမြေတစ်မူးလျှင် တရုတ် ယွမ်ငွေ ၃၀ ယွမ်ပေးဆောင် ရမည်ဖြစ်ပြီး ခြံမြေတစ်ဧကလျှင် ၅
မူးရှိကာ ဆက်ကြေးအတွက် သွားရောက်မပေးဆောင်ပါက သို့မဟုတ် ခြံမြေလိမ်လည်ပြီး
အပြည့်အစုံမပေးဆောင်ပါက ခြံမြေများ KIA တပ်ဖွဲ့မှသိမ်းဆီးခြင်းကို ခံရမည်
ဖြစ်ကြောင်း KIA တပ်ဖွဲ့မှ ဒေသခံလုထုအား အမိန့်ထုတ်ပြန် ထားကြောင်း သိရပါတယ်။
Wednesday, September 2, 2015
Tuesday, September 1, 2015
ကျပ်သန်းပေါင်း (၄၉၃)သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မူဆယ်မြို့၌ ဖမ်းဆီးရရှိ
၂၀၁၅ စက်တင်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်မြို့တွင် ကျပ်သန်းပေါင်း
(၄၉၃)သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို သြဂုတ်လ(၂၉)ရက်
နေ့လည်ပိုင်းက ဖမ်းဆီးရမိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့မှ သိရသည်။ မူးယစ် တပ်ဖွဲ့စု(၂၂) မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည်
မူးယစ်တပ်ဖွဲ့စု(၁၀၂) နေပြည်တော်မှ တပ်ဖွဲ့ဝင်များနှင့်
မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ
ပူးပေါင်းအဖွဲ့တို့ဖြင့် မူးယစ်ဆေးဝါးသတင်းအရ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊
ခိုဝိန်းရပ်ရှိ ကူရှင်းချဲ့(ခ)မာဝမ်(ကျား) ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာမှ
မူးယစ်ဆေးဝါးများကို ရှာဖွေရရှိတာဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)