Thursday, October 31, 2013

ပထမဆုံး နိုင်ငံတကာ ခရီးစဉ် အဖြစ် NOK Airlines မှ ရန်ကုန် - ဘန်ကောက်သို့ ပျံသန်းမည်


1 Nov 2013

ထိုင်ခုံ ၁၈၉ ခုံဆိုရင် ၇၃၇ - ၈၀၀လေယာဉ် နှင့် အတူ လေယာဉ် ဝန်ထမ်းများမှ ချိုမြိန်သော အပြုံးများ ဖြင့် ရန်ကုန်မှ ဘန်ကောက် ( ဒွန်မောင်း ) နိုင်ငံတကာ လေဆိပ် သို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် တစ်ပတ် လျှင် ၄ ကြိမ်နှုန်း ဖြင့် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ များ တွင် ပျံသန်း သွားမည် ဖြစ်ကြောင်း သိရသည်။ ခရီးသည်  တစ်ဦး လျှင် ကီလိုဂရမ်  ၃၀ အထိ တန်ဆာ  တင်ဆောင်ခွင့် ရှိပြီး မိမိ စိတ်ကြိုက်ထိုင်ခုံ
 နေရာ ရွေးချယ် ၍  ထိုင်နိုင်မည် ဖြစ်ကာ ခရီးစဉ်   တစ်လျှောက် တွင်လည်း အဆာပြေ စာ များဖြင့်  တည်ခင်း ဧည့်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

အထက်ပါ ရန်ကုန် - ဘန်ကောက် ( ဒွန်မောင်း ) နိုင်ငံတကာ လေဆိပ် သို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် တစ်ပတ် လျှင် ၄ ကြိမ်နှုန်း ဖြင့် စတင် ပျံသန်းမည် ဖြစ်ကာ ဒီဇင်ဘာ ၁ ရက် တွင် တစ်ရက် လျှင် ၂ ကြိမ် အထိ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ တို့တွင် ပျံသန်း သွားမည် ဖြစ်ပြီး ထိုနောက် တွင်၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက် တွင်၁ ရက် လျှင် နှစ်ကြိမ် နှုန်းဖြင့် နေ့စဉ် ခရီးစဉ် အဖြစ် ပျံသန်း သွားမည် ဖြစ်ကြောင်း သိရ သည်။ ဈေးနှုန်း သက်သာ သည့် ထိုင်း လေကြောင်း လိုင်း သည် ရန်ကုန် - မဲဆောက် သို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက် မှ စ၍ Siam General Aviation Co.,Ltd ( Nok Mini ) မှ ထိုင်ခုံ ၃၄ ခုံ SSAB 340B လေယာဉ် ဖြင့် နေ့စဉ် ပျံသန်း ပြေးဆွဲ နေပြီး Nok Airline လိုင်းမှ လည်း ယခု ကဲ့သို့ ရန်ကုန် - ဘန်ကောက် ( ဒွန်မောင်း ) ခရီး ကို စတင် ပျံသန်း ခြင်း ဖြစ်ကြောင်း သိရ သည်။ 

လက်မှတ် များ ကို www.nokair.com နှင့် အရောင်း ဌာန ဖြစ်သည့် Sakura Tower ( ဆာကူရာ တာဝါ )၊ အမှတ် - ၃၃၉၊ ၅ လွှာ၊ ဗိုလ်ချုပ် အောင်ဆန်း လမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့ တွင် ဝယ်ယူ နိုင်ကြောင်း သိရသည်။ 


 Internet Journal

No comments:

Post a Comment